EP 30 Uni (final)

5.7K 327 23
                                    


သတ္တမိုင်း တစ်ယောက် မင်္ဂလာဝတ်စုံ နှင့်
မြောက်ကြွမြောက်ကြွဖြစ်နေသည်။မြူ တစ်
ယောက် ကိုယ်လုံးအပြည့်မှန်မှာပေါ်လွင်နေ
တဲ့မိမိ ကိုယ်ကိုကြည့်ကာ သူမကိုယ်ပေါ်မှာ
ဆင်မြန်းထားသည့်အဖြူရောင်ဂါဝန်ကိုကိုင်
ကြည့်ရင်းမျက်ရည်တွေဝဲတတ်လာတော့
ဘေးက မိတ်ကပ် ပြင်ပေးသည့် အမ က
သစ်ရှူးနှင့် သုတ်ပေးကာ...

"အမလည်းရိပ်မိပါတယ်..ဒီမင်္ဂလာပွဲက..
ညီမလေး ဖြစ်ချင်လို့ဖြစ်လာတာမဟုတ်ဘူး
ဆိုတာကို..မငိုပါနဲ့ကွယ်..ညီမလေးအခုအရမ်း
ကိုလှတယ်.."

ထို မိတ်ကပ် ပြင်ပေးသည့် မိန်းကလေး ကပြော
ရင်း မျက်ရည်ကြောင့် အနည်းငယ်ပျက်ချင်ချင်
ဖြစ်နေတဲ့မိတ်ကပ်ကိုပြင် ပေးသည်။

"ဂျလောက်!"

ဂျလောက် ဟူသော တံခါးဖွင့် အသံနှင့်အတူ
အနောက်တိုင်းဝတ်စုံနှင့်သတ္တမိုင်းဟာ မြူ့အနား
သို့တိုးကပ်လာပြီး ဘေးကမိတ်ကပ်ပြင်ပေးသည့်
အမျိုးသမီး ကို အခန်းထဲကထွက်သွား ရန် လက်
ဟန်နှင့် ပြ လိုက်သည်။ မိတ်ကပ် ပြင်ပေးသည့်
အမျိူးသမီးအပြင်သို့ထွက်သွားတော့သတ္တမိုင်း
ဟာ မြူ့နောက်ကျေကနေ ခါးကိုတင်းကြပ်စွာ
ဖက်လိုက်ပြီး...

"အရမ်း..လှတယ်..သွင်က..တကယ်လှတာ..
ကိုယ့်အဖေကိုမြင်စေချင်လိုက်တာ သူ့သားက
သူချစ်တဲ့လူကိုပိုင်ဆိုင်နိုင်တော့မယ်ဆိုတာကို
လေ..အဟင်း.."

မြူ ခိုးသွင် သတ္တကို ဘာစကားမှလည်းပြန်
မပြောသလို ကျောက်ရုပ်လို ငြိမ်သက်နေမိ
သည်။ သတ္တကသာ အရူးတစ်ယောက်လို
တစ်ယောက်ထဲ ပြောနေခြင်းသာ။ မြူ့ကို
ဖက်ထားပြီး ပုခုံးကိုနမ်းဖို့အလုပ် ဝင်လာတဲ့
Ph ကြောင့် သတ္တမိုင်း လက်က မြူ လွတ်သွား
ခဲ့သည်။

Ph ဝင်လာသည်ကို မြူ ကျေးဇူးတင်ရမလားဘဲ
ဒီအယုတ်တမာ ထိတွေ့သွားတဲ့အရည်ပြားကို
တောင်ဓားနဲ့လှီးချွတ်ပြစ်ချင်မိသည်။ သတ္တမိုင်း
က ph no ကို သေချာကြည့်ပြီး မြူ အနားမှာ
Ph မပြောဘဲ အပြင်သို့ထွက်သွားသည်။
အပြင်ရောက်မှ သတ္တph ကိုင်လိုက်ပြီး...

"အေးပြော.."

"လူကြီးမင်း အနှောင့်အယှက် ပေးမိလို့အားနာ
ပါတယ်..ဟို...ဟို.."📱

Você leu todos os capítulos publicados.

⏰ Última atualização: Nov 01, 2020 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

ကြၽန္မရဲ႕ခ်စ္ေသာ🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Onde histórias criam vida. Descubra agora