EP 10 Uni

2.2K 280 20
                                    


"နင်က..မူရာမှိုင်း လား "

ရုံးခန်းထဲ ဝင်လာကာ ရုတ်တရက် မေးချ
လိုက်တဲ့ မြူ ခိုးသွင် မေးခွန်း ကြောင့် မှိုင်း
ဘာပြန်ပြောရမှန်းမသိ။

"မူရာမှိုင်း..ဘယ်သူလဲ..ငါမသိဘူး.."

မှိုင်းပြောလိုက်တော့ မြူ က သူမအနား
သို့ ကပ်လာကာ သူ့လက်ထဲ ပါလာတဲ့
စာရွက်ကို မှိုင်းရှေ့သို့ပြရင်း

"ဆက်လိမ်ချင်သေးတာလား.."

"နင်..ဒါကိုဘယ်လိုသိတာလဲ"

"ဘယ်က သိသိပါ ကျွန်မ သိချင်တာ က
ရှင်က မူရာမှိုင်း လား.."

"အဟက်! ငါ့ပုံကို နှစ်ကိုယ် ခွဲလိုက်တာနဲ့
ငါက နှစ်ယောက် ဖြစ်သွားမယ်ပေါ့လေ
မင်း တကယ်ရူးတာဘဲ..မြူ.... "

"မူရာမှိုင်း..ကျွန်မသိနေတဲ့အရာကို လိမ်တာ
ကျွန်မအမုန်းဆုံးဘဲနော်.."

"ငါ မူရာမှိုင်း မဟုတ်ဘူး လို့ ငါမင်းကို
ဘယ်နခါပြောရမှာလဲ မင်းပြောတဲ့
မူရာမှိုင်း ကိုလည်း ငါမသိ...."

"ဖြောင်း!!"

မှိုင်းစကား မဆုံးခင်မှာဘဲ မြူ့ရဲ့လက်ဝါးဟာ
မှိုင်းရဲ့ပါးနဲ့မိတ်ဆက်သွားတော့သည်။မြူ
ဟာ သူမသိနေတဲ့အရာကို လိမ်နေတာ
လောက် အသဲယားပြီး မုန်းတာမရှိ သူမ
သိနေတဲ့အရာ ဟာ အမှန်ဖြစ်တဲ့အတွက်
ဝန်ခံတာကိုဘဲ သူမလိုချင်သည်။ သူမထင်
သည်က မှိုင်းက သူမကို ဝန်ခံလိမ့်မယ်
လို့ သို့ပေမဲ့ ဆက်ညာနေတဲ့အတွက်စိတ်
တိုကာရိုက်လိုက်မိသည်။

မြူ ရိုက်လိုက်တဲ့ ပါး ကို မှိုင်းက သူ့လက်
နဲ့ ကိုင်ရင်း

"မင်း!"

"ဘာဖြစ်ချင်လဲ! ဟမ်! ဘာကိစ္စ
ကိုယ့်အပေါ် မကောင်းတဲ့ မိသားစု ကို
ကာကွယ်နေတာလဲ!"

"ဘာ!"

"ရှင်သိတယ် မဟုတ်လား..ရှင်က သူတို့
နဲ့ ဘာသွေးသားမှမတော်ဆက်ဘူး.."

"မင်း ပါးစပ် ကိုပိတ်!"

"မပိတ်နိုင်ဘူးကျွန်မပြောနေတာအမှန်တရားဘဲ!"

"မင်း..မတော်နိုင်သေးဘူးလား!"

မြူ ခိုးသွင် ဟာ မှိုင်းရဲ့အနားသို့ပိုပြီးကပ်လိုက်
ကာ မှိုင်း ရဲ့ မျက်လုံး ကိုစေ့စေ့ကြည့် ရင်း

ကြၽန္မရဲ႕ခ်စ္ေသာ🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Wo Geschichten leben. Entdecke jetzt