မှိုင်းရဲ့ကိုယ်လေးရေထဲသို့တဖြေးဖြေးမြှုပ်
သွားကာသတိဟာလည်းရတချက်မရတချက်။
သူမနားထဲမှာကြားနေရတဲ့ခေါ်သံသဲ့သဲ့"HaYuKo Chan...."
မျက်လုံးထဲမှာ မြင်ယောင်လာတဲ့ အိပ်မက်
ထဲမှာပေါ်ပေါ်လာတတ်တဲ့ အသက်၉နှစ်
ကျော်ကျော် ကလေးမလေး.."HaYuko Chan..."
ထိုနာမည်ဟာ သူမ နားထဲမှာ တသဲ့သဲ့နှင့်
ပဲ့တင်နေသည်။ မျက်လုံးဟာ ပွင့်တချက်
မှိတ်တချက်ဖြစ်နေတဲ့အချိန်အာရုံထဲမှာ
မြင်နေရတဲ့မြင်ကွင်းတွေ သူမ ရဲ့ မိသားစု
အစစ်..ဟုတ်တယ်...သူမ ရဲ့မိသားစုအစစ်
ကို သူမပြန်မှတ်မိလာပြီ သူမ မြန်မာနိုင်ငံ
ကိုငယ်ငယ်က လာလည်ရင်းသူမအကိုနဲ့
မြို့ထဲလျောက်လည်ကာ လမ်းမကျွမ်း
တဲ့သူမတို့ အဖွဲ့ကွဲသွားခဲ့ ခြင်းဖြစ်သည်။
အိမ်ကြီးတစ်အိမ်ရဲ့ ဘေးသူမ မတ်တပ်ရပ်
ငိုနေရင်း လမ်းမှာ အရှိန်ပြင်းစွာမောင်းချ
လာတဲ့ဆိုင်ကယ်ကိုရှောင်လိုက်တာကြောင့်
ချော်လဲကာ အုတ်ခဲ နဲ့ခေါင်း ပြင်းထန်စွာ
ရိုက်ခတ်မိသွားခြင်းဖြစ်သည်။သူမရဲ့မျက်
လုံးတွေ မမှိတ်ခင် သူမ သတိလစ် သွားတဲ့
နားကအိမ်နာမည်ကိုတွေ့လိုက်ရသည်။
အိမ်နာမည်က မဟာမှိုင်း စံအိမ် ။HaYuKo Chan..အိပ်မက် မက်တိုင်း
ကြားနေရတဲ့ HaYuKo Chan ဆိုတာ
သူမရဲ့နာမည်ဆိုတာသူမသိလိုက်ပြီ..
သူမရဲ့မြန်မာနာမည်မှာ မှိုင်းရိပ်ငြိမ်း
ဖြစ်တာကြောင့် သူမအတိတ်မေ့သွား
တော့ မှိုင်းတစ်လုံးဘဲမှတ်မိနေတာဖြစ်
သည်။မှိုင်းအသက်ရှူ ရခက်လာပြီ..နှာခေါင်း ထဲ
ရေတွေဟာတိုးဝင်နေလေပြီ အသက်ရှူ
ကြပ်ပြီး သတိလစ်တော့မယ့်ဆဲဆဲသူမ
ဆီကူးခတ်လာတဲ့ လူတစ်ယောက်သူမ
ရင်းရင်းနီးနီးမြင်ဖူးနေတဲ့သူ...သူက..
နတ်သမီး လား..သူမကိုနတ်သမီးကလာ
ကယ်တာလား..နီးကပ်လာလေလေပိုပြီး
မျက်နာ ကိုရှင်းရှင်းလင်းလင်းမြင်ရလာ
လေလေ။ သူမ ကို လာကယ်သူမှာ မြူ...
ရေအောက်တိုးတိုးဆင်းသွားတဲ့ သူမ ရဲ့
ကိုယ်ကို ခါးကနေပွေ့လိုက်ပြီး အသက်ရှူ
လို့ရစေရန် သူမ နှုတ်ခမ်း လွှာကြားက
အောက်စီဂျင် ကို မှိုင်းထံလွှဲပေးပြီး လက်တစ်
ဖက်နဲ့ ကုန်းပေါ်ရောက်အောင်အမြန်ကူး
ခတ်နေသည်။ သိပ်မကြာလိုက် မှိုင်း ရော
မြူ ရော ကုန်းပေါ်ရောက်ခဲ့ ပြီ မှိုင်း ရဲ့ကိုယ်
ကို မြူ မြေပေါ်ထိ မရမကဆွဲလာပြီး သူမရဲ့
ကိုယ်မှာထပ်ဝတ်ထားတဲ့ထပ်င်္အကျီအစ ကို
ဆွဲဖြဲကာ မှိုင်းရဲ့ ဗိုက်ကိုစည်းလိုက်သည်။
မှိုင်း ရဲ့ကိုယ်ကို နွေးအောင် သူမရင်ခွင်ထဲ
ထွေးဖက် ရင်း.......
ESTÁS LEYENDO
ကျွန်မရဲ့ချစ်သော🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed)
Romanceစစ်မှန်သောချစ်ခြင်းတို့သည်.. လှပစွာအဆုံးသတ်ကြသည်..သို့သော်... Own creation 💙 Zawgyi + Uni