EP 17 Zawgyi

1K 93 10
                                    

"သွင်.."

ဦးမြတ်ဟန် ရဲ့ ဓာတ်ပုံရှေ့မှာထိုင်နေတဲ့မြူ ခိုးသွင် ကို သတ္တမိုင်း ခေါ်လိုက်သည်။မြူ လည်း သူမအ
ဖေရဲ့ ဓာတ်ပုံကိုကြည့်နေရာမှ နောက်မှ သတ္တရဲ့
ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။ ဦးသီဟစိုင်း
ကတော့ မြူ့ ပုခုံးကို ခပ်ဖွဖွ လာပုတ်ပြီး

" ကို မြတ်ဟန် အတွက် စိတ်မကောင်းပါဘူးသမီး.."

ဦးသီဟစိုင်း ပြောတော့ မြူ လည်းခေါင်းညိမ့်ကာ

"ဟုတ်ကဲ့.."

"သွင်.... "

သတ္တ က မြူ့ ရဲ့လက်ကိုဆုပ်ကိုင်ကာခေါ်လိုက်
သည်။

"အကို သွင့်ကိုစိတ်မချဘူး..ဦးလေးကိုလုပ်ကြံတဲ့
လူတွေက သွင့်ကို့ထိပါးလာမှာ အကိုသိပ်စိုးရိမ်
တာဘဲ...ဖြစ်နိုင်ရင်လေ အကိုနဲ့စေ့စပ်ပွဲကို
ပြန်လုပ်စေချင်တာ "

သတ္တမိုင်း ပြောတော့ မြူ ခိုးသွင် က သူမလက်ကို
ကိုင်ထားတဲ့ သတ္တ ရဲ့လက်ကိုဖယ်ရင်း..

"ရပါတယ်အကို..ညီမမှာ အဖော်ရှိပါတယ်.."

"ဘယ်သူလဲ..ပိုးမီတို့လား.."

သတ္တမိုင်း မေးတော့ မြူ ကခေါင်းခါရင်းသတ္တ
ရဲ့နောက် ကို မေးငေါ့ပြကာ

"ဟိုမှာလာနေပြီ သူပါ..."

မြူ ခိုးသွင် ပြ တဲ့သူကို သတ္တကြည့်လိုက်တော့
သတ္တအပါအဝင် ဦးသီဟစိုင်း ပါ မျက်လုံးတွေ
ပြူးကျယ်သွားရသည်။ ဦးသီဟစိုင်း က

"သူ..သူက..."

ဆံပင်အရှည်လေးနဲ့ မြူ ဝတ်ထားတဲ့ ထမိန်ယဉ်ဖုံး
အနက်လို ဝတ်ထားတဲ့ မှိုင်း...ဆံပင်ရှည်ကတော့
မြူ မှိုင်း ကိုပြန်ဆက်ပေးထားခြင်းဖြစ်သည်။ မြူ က
တော့ ဆံပင်ကို ဆံထုံး ထုံးထားပေမယ့် မှိုင်းက
တော့သူမရဲ့ဆံပင်ရှည်ကိုတစ်ဖက်သို့ပို့ထားပြီး
သူမကို တအံ့တသြ ကြည့်နေတဲ့ သတ္တမိုင်း နဲ့
ဦးသီဟစိုင်း ကို အခုမှတွေ့ဖူးတဲ့လူတွေလိုပြုံး
ပြလိုက်သည်။ မြူ က မှိုင်းရဲ့ လက်မောင်း ကို
တွဲရင်း

"ဒါက ညီမနဲ့ အရမ်းကို ရင်းနီးတဲ့သူလေ သူက
အခုကစပြီ ညီမနဲ့နေမှာပါ ကိုသတ္တ.."

ကျွန်မရဲ့ချစ်သော🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Donde viven las historias. Descúbrelo ahora