EP 13 Uni

2.2K 242 10
                                    

ဒေါသ နဲ့ ပိုင်ဆိုင်လိုစိတ်ဟာ လူကိုသတ်တယ်..💔

ုခြံထဲမှာဦးမြတ်ဟန်ရဲ့ကားသံကိုကြားတာနဲ့
သတ္တမိုင်း ဟာ အိမ်တံခါး ဝ မှာ မတ်တပ်ရပ်
လိုက်ပြီး ဦးမြတ်ဟန် ကို ကြိုဆိုလိုက်သည်။
ဦးမြတ်ဟန် ဟာ သတ္တမိုင်း ကို တွေ့တော့
ပြုံး ပြရင်း သတ္တမိုင်း နှင့်အတူ ဧည့်ခန်း မှာ
ထိုင်လိုက်သည်။ သတ္တမိုင်း လည်းဦးမြတ်ဟန်
ရဲ့မျက်နာချင်းဆိုင်မှာ ထိုင်ရင်း...

"ဦးလေး.. ညီမလေးမြူ ခိုးသွင်က..ကျွန်တော် နဲ့
လက်မထပ် ချင်လို့ မင်္ဂလာပွဲ ကိုဖျက်လိုက်
တာလား.."

သတ္တမိုင်း ရဲ့မေးခွန်းကို ဦးမြတ်ဟန် က သက်ပြင်းချ
ရင်း...

"သမီးလေးမှာ ချစ်ရမယ့်လူရှိတယ်လို့ကြား
တယ်.. မောင်ရင် နဲ့ စေ့စပ်ပွဲ ကိုလည်း ဦး
ကြောင့် လက်ခံခဲ့တာထင်တယ်..အဲ့အတွက်
ဦးလေး မောင်ရင့်ကို တောင်းပန်ပါတယ်..
အားလည်းအားနာပါတယ် သား သတ္တမိုင်း ရယ်.."

သတ္တမိုင်း ဟာ ဦးမြတ်ဟန် စကားကိုကြား
တော့ ပြုံးကာ ခေါင်းညိမ့် ရင်း

"ညီမလေး သွင်ရဲ့ချစ်သူက ဘယ်ကကောင်လေး
လည်း ဦး.. တော်ကြာ မကောင်းတဲ့ကောင်တွေ
နဲ့ တွေ့မှာ ကို ကျွန်တော် စိုးရိမ် လို့ပါ..အဟင်း..
အခုခေတ်က ဘယ်သူ့ကိုမှယုံလို့မရဘူးမဟုတ်
လား ညီမလေးကို ကျွန်တော် က စောင့်ရှောက်
ပေးချင်တာပါ ညီမလေး ကိုအပျော်ကြံပြီးထား
သွားမှာဆိုးလို့.."

"သားမိုင် ရဲ့စိတ်ကိုဦးနားလည်ပါတယ်..သမီးလေး
ကလည်း ခေတ်ပညာတတ်တစ်ယောက်ပါဘဲ
သူ့မှာတွေးခေါ်နိုင်တဲ့ဆင်ခြင်ဉာဏ်ရှိပါတယ်ကွယ်..
ပေါက်ကရ အကောင်တွေနဲ့တော့ မတွဲလောက်
ပါဘူး..."

"ဦးလေးမြတ်ဟန်.. ဖြစ်နိုင်မယ်ဆိုရင်လေ..
ညီမလေး မြူ ခိုးသွင် ကို..ကျွန်တော် နဲ့ဘဲ
လက်ထပ်စေချင်တယ်.. ကျွန်တော် သွင့်ကို
စောင့်ရှောက်နိုင်ပါတယ်...သွင် ကျွန်တော့်
ကို မချစ်လည်း ကျွန်တော် သူ ချစ်လာအောင်
ကြိုး စားပါ့မယ်..အဲ့တော့... ဦးလေး.. ကျေးဇူး
ပြု ပြီး ညီမလေးကို ဖြောင်းဖြ ပေးလို့ရမလား.."

ကြၽန္မရဲ႕ခ်စ္ေသာ🥀 ကျွန်မ ရဲ့ ချစ်သော 🥀(Completed) Onde histórias criam vida. Descubra agora