အပိုင်း - ၁၆ (U)

181 42 19
                                    

ကျောင်းဝန်းထဲ၌ ပိတ်ရက်ဖြစ်သဖြင့် ကလေးငယ်များလှုပ်ရှားသွားလာနေကြရာ လေးသူသည် ဆိုင်ကယ်ကို သတိပြု၍ ကျောင်းထဲမှ မောင်းထွက်လာခဲ့သည်။ဘုရားတောင်ကျောင်းမှ ဦးပဉ္ဇင်းများ သီတင်းသုံးရာ ကျောင်းသင်္ခန်းဆောင်ငယ်လေးများကို ဖြတ်ကျော်ပြီးနောက် မြေသားလမ်းမကြီးတောက်လျှောက်မောင်းနှင်လာခဲ့သည်။

ရွာလမ်းမကြီးသည် အသားကျအောင် မွမ်းမံဖိနှိပ်ထားသည့် မြေသားမာမာလမ်းမျိုးမဟုတ်တန်ရာ၊ လမ်းအပေါ်ယံသည် ဖုန်မှုန့်မြေမှုန့်များဖွေး၍ပင်နေတော့သည်။

ဆိုင်ကယ်ဘီးလှိမ့်တိုင်း လမ်းထက်မှ ဖုန်ထုထဲနစ်ဝင်သွားသဖြင့် အိပ်ပျော်နေသည့် ဖုန်မှုန့်များကို သွားဆွသယောင်ရှိလေရာ ဖုန်လုံးများက ဒေါသတကြီး ဆိုင်ကယ်နောက်မှ ပြေးလိုက်လာကြသည်။ လူကြီးတစ်ရပ်နီးပါးမြင်သော လှိုင်းလုံးကြီးသဖွယ် ဖုန်လုံးများက အရှိန်ဖြင့်ပြေးသည့် ဆိုင်ကယ်လေးနောက်သို့ အမှီလိုက်သော်လည်း သိပ်ဝေးဝေးမလိုက်နိုင်။ အချိန်တန်လျှင် လေထဲ၌သာ ဝေ့ဝိုက်လှည့်လည်ကြပြီး မြေပြင်သို့ တဖြည်းဖြည်း ကျဆင်းကာ အနည်ထိုင်သွားပြန်သည်။

ဆိုင်ကယ်လေးဖြတ်သွားရာ သွေ့ခြောက်ခြောက်​ မြေလမ်းလေး၏ လမ်းဘေးဝဲယာရှိ ဆူးပင်၊ချုံပုတ်ပုပုလေးများမှာလည်း စိမ်း၍စိုမနေ။ စဉ်ဆက်မပြတ် တထောင်းထောင်းထလေ့ရှိသော ဖုန်လှိုင်းများ၏ ရာဇဒဏ်သင့်၍ ချုံပုတ်အစုစုလေးများမှာ ဖုန်အထပ်ထပ်လူးလျက် ဖုန်ရောင်ဖွေးနေသည်။

သည်လိုဆိုတော့ ဆီးနှင်းရွှဲသည့် ညချမ်းနှင့် နံနက်ချိန်ခါများမှာသာ ဆောင်းအလှက အသရေတင့်လျက် မွန်းတည့်၊မွန်းလွဲချိန်များတွင်မူ ဤကဲ့သို့ပင် လမ်းဘေးဝဲယာ အရပ်မျက်နှာမှာ ခြောက်သွေ့ထိုင်းမှိုင်းလျက် ဖုန်သာနစ်မွန်း၍နေပုံရသည်။

မျက်နှာချင်းဆိုင်မှ ကျော်ဖြတ်သွားသော ဆိုင်ကယ်တစ်စီးကြောင့် လေးသူတို့ဆိုင်ကယ်သည် ဖုန်မုန်တိုင်းထဲ လုံးလုံးလျားလျားပြေးဝင်မိသကဲ့သို့ ဖြစ်သွားသည်။မြင်ကွင်းတစ်ခုလုံး ဇာပဝါပါးလွှားခံလိုက်ရသည့်နှယ် ဝေဝါးမှုန်မှိုင်းသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် လေးသူတို့နှစ်ဦးသားစလုံး ဖုန်တစ်ပိသာခန့်ရှုသွင်းလိုက်ရသည့်အတိုင်း မွှန်ထူသွားလျက် ချောင်းများတဟွပ်ဟွပ်ဆိုးကြတော့သည်။

စံကားအင်းကိုသက်သေတည်၍ (စံကားအင်းကိုသက်သေတည်၍)Where stories live. Discover now