အပိုင်း - ၁၉.၅ (U)

633 52 18
                                    

ပခုံးထက်ဆီဝယ် ခပ်ဖွဖွ အခါခါရိုက်ပုတ်ခံလိုက်ရသည့်နောက်တွင် အတိတ်သို့နောက်ပြန်ပြေးသော စိတ်အစဉ်သည် ပစ္စုပ္ပုန်ကို သက်ဝင်ခံစားရန် ရုတ်ချည်း ပြန်ရောက်လာရသည်။ စာမျက်နှာထက်တွင်သာ စူးစိုက်နေမိခဲ့သော သောကနွယ်သည့်နွမ်းဖတ်နေသောမျက်ဝန်းတို့သည် အသိဝင်လာသည်နှင့်တစ်ပြိုင်နက် အရှေ့သို့ ဖျတ်ခနဲ့မော့ကြည်လိုက်သည်။

မျက်နှာချင်းဆိုင်မှ သိုးမွှေးခြုံထည်အနီရဲရဲကို လွှမ်းခြုံထားသော မာနာ့ကို မြင်လိုက်ရသည့်ခဏ မျက်ဝန်းအိမ်တို့ အနည်းငယ်ပြူးကျယ်သွားသည်။လေးသူထိုင်နေခဲ့သော စားပွဲ၏မျက်နှာချင်းဆိုင်တွင် ယူရီသာမက မာနာပါအခန့်သားထိုင်ရင်း သူ့ကိုကြည့်နေခဲ့ကြလေသည်။

လေးသူ တစ်ဦးတည်း စာအုပ်ဖတ်ရင်း အတွေးလွန်နေသည်ကို သူတို့လည်း ရိပ်မိဟန်လေဟန် ပြုံးစိစိအမူအရာတို့က ပျိုမျစ်နေသည့် မျက်နှာလေးတို့ထက်မဖုံးနိုင်မဖိနိုင်။ လေးသူလည်း ရုတ်တရတ်မို့ ဘယ်လိုတုံ့ပြန်မှုမျိုးပေးရမလဲ ဆုံးဖြတ်ချက်မရလာသည့်အဆုံး ပြုံးရယ်မမည်သော အပြုံးမျိုးသာ နှုတ်ခမ်းညိုညိုတို့ထက်ဖြစ်တည်သွားသည်။

အထင်သေးမိလေသော အအေးလှိုင်းကြောင့် ခန္တာကိုယ်က သက်တောင့်သက်သာရှိမနေသည့်အပြင် စိတ်ရေပြင်လည်း တည်ငြိမ်၊ငြိမ်းချမ်းနေခဲ့လေသည်မဟုတ်သခိုက်မို့ သူငယ်ချင်းများဖြင့် ဤအချိန်မှာ စကားလက်ဆုံကျမနေချင်။နှုတ်ဆက်လိုက်ပြီး အခန်းထဲသာပြန်ရန်ဆုံးဖြတ်မိသဖြင့် စာအုပ်ကိုဆွဲပိတ်လိုက်သည်။ ထိုင်ခုံမှ ထိုင်လိုက်ပြီး နှုတ်ဆက်ရန် အရှိန်ယူလိုက်စဉ် ဦးအောင် စကားစခဲ့သူမှာ ယူရီ။ ထုံးတမ်းစဉ်လာမပြတ် တက်ကြွဖျတ်လတ်သော အသံသာသာနှင့်။

"လေးသူကို...ယူရီနဲ့ မာနာငေးနေတာကြာပြီ၊ ဘုန်းကြီးတွေလိုတရားမှတ်နေတာထင်လို့...ဟီး"

ထင်သည့်အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သည့် မိန်းကလေး၏ စကားသည် ပေါ့ပါးသည့်ရယ်သံလေးများဖြင့် အဆုံးသတ်သွားခဲ့သော်လည်း လေးသူအဖို့ မအူမလည်နှင့် ဖြေရှင်းချက်ထုတ်မပေးတတ်ခဲ့။

စံကားအင်းကိုသက်သေတည်၍ (စံကားအင်းကိုသက်သေတည်၍)Where stories live. Discover now