Unicode.....တိတ်ဆိတ်၍ မှောင်မိုက်နေသော အခန်းအတွင်း၌ ကောင်လေးတစ်ယောက်သည် ဆွယ်တာအင်္ကျီ အပျော့လေးကို
လျော့တိလျော့တွဲ ဝတ်ဆင်ထား၏။ထိုကောင်လေးသည် ကြမ်းပြင်ပေါ်တွင် ဘေးစောင်းအနေအထား ဖြင့်လဲလျောင်းကာ ငြိမ်သက်လျှက်ရှိသည်။
အိပ်နေတယ်လို့ ထင်ရပေမယ့်..တိတ်တစ်ဆိတ်ကျနေသော ထိုကောင်လေးရဲ့မျက်ရည်တွေကိုတော့..သူကိုယ်တိုင်သာအသိဆုံး..သူဘယ်လောက်ခံစားနေရတယ် ဆိုတာကို...။
ထိုကောင်လေးက တစ်ယောက်ထဲတော့မဟုတ်ပါလေ
သူ့ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့
ကလေးလေးတစ်ယောက်လည်း ရှိပေသည်။ကြမ်းပြင်ပေါ်တွင် အိပ်စက်နေရပေမယ့်
သားလေးကိုတော့ အောက်မှာချမထားရက်ပါ၊
စောင်ထွေးလေးနဲ့ ပတ်ပြီး
သားလေးကို လက်မောင်းပေါ်တင်ထားမိသည်။"Ting....ting......"
အိပ်ယာဘေးတွင် တိုးတိုးလေးမြည်နေသော
ဖုန်းလေးကို သားမနိုးစေရန် ဖြည်းဖြည်းခြင်းယူကိုင်လိုက်သည်။"hello..ဂျီမင်.."
"ထယ်ယောင်း..မင်းငိုထားပြန်ပြီလား.."
ဂျီမင်က ထိုလူမျိုးပင် သူဘာဖြစ်တယ်နေတယ်ဆိုတာကို မပြောဘဲတောင် တန်းသိနေတတ်တာမျိုး။
"ဘယ်ကသာ..ငိုရမှာလဲ...သားလေးနိုးသွားမှာစိုးလို့..."
"မမလာတယ်မလား"
"အင်း လာပါတယ်"
"ငါနောက်နေ့ကျရင်တော့ ပြန်လာရတော့မှာ..သားသားလေးကိုလည်းလွမ်းနေပြီ.."
"အင်းပါ..ပိုကိုပိုတယ်"
"မပိုပါဘူးမမအဲ့မှာရှိတယ်ဆိုရင်ဘဲ စိတ်ချပြီ"
"ငါ့ကိုစိတ်ပူမနေပါနဲ့..အဲ့မှာအလုပ်သာလုပ်"
"စိတ်ချပါ..ငါဒီတစ်ခေါက်ပြန်လာရင်..အိမ်အကောင်းစားကိုပြောင်းနိုင်ပြီလေ.."
"မင်းငါ့ပေါ်အဲ့လောက်မကောင်းပါနဲ့ကွာ.."
"မင်းငိုသံပါလာပြန်ပြီလား..ငါတို့ကသူငယ်ချင်းတွေပဲ..ပြီးတော့...မင်းအပေါ်ကောင်းတာမဟုတ်ဘူး..ငါ့သားလေးအပေါ်ကို.ငါကောင်းတာ.မင်းကကြားထဲကနေ အားနာမနေနဲ့...ဟုတ်ပြီလား..အခုအိပ်တော့.."
YOU ARE READING
DEVIL♥︎♡︎(COMPLETED)
Fanfictionဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။