Unicode......
ထယ်ယောင်း ကလေးတစ်ယောက်နဲ့ မနက်အစောကြီးထဲကအလုပ်ရှုပ်နေသည်
မမက ဂျီမင်ရှိသည် အထင်နှင့် မလာပေ။ မနက်၄နာရီထဲက သားလေးကနိုးနေသည်မို့..ပြန်အိပ်လို့မရသည်နှင့် သားအား နို့တိုက်ရန်..နို့မှုန့်ဖျော်ထားပြီး...ရေနွေးတည်ပြီး သားကို ရေပတ်တိုက်ပေးဖို့ စီစဥ်လိုက်သည်။
"ပါပါးသားလေးက နိုးနေပြီလား.."
ထယ်ယောင်းသည် အိပ်ယာပေါ်တွင် ယက်ကန်ယက်ကန်
လုပ်နေသော သားလေးအား ချော့မြူနေ၏။"အူးမွ..ချစ်လိုက်တာ..."
"ခစ်...ခစ်..."
"အမေ့... ပါပါးသားလေးက..အသံတွေတောင်ထွက်ပြီးရီနေတာပဲ...ရှုးရှုးပေါက်ထားတာလား..အီအီးပါတာလား...
ပါပါးdipperလဲပေးမယ်နော်......"သာလေးက ရုပ်ကသာ သူ့အဖေနဲ့တူတာ မျက်နှာချိုတာလေးကတော့ ထယ်ယောင်းနဲ့တူတယ်ထင်ပါရဲ့..။
သားရဲ့ပါးပြင်အိအိလေးကို သူ့နှာခေါင်းနဲ့ဖိကပ်ကာ တစ်ရွှတ်ရွှတ်နမ်းနေမိသည်။
တကယ်ပါ...သူ့အတွက် အခုချိန်မှာ သူ့ဘဝအတွက် အလိုအပ်ဆုံးက သားလေးပင်။
သူဘယ်လောက်ဝမ်းနည်းနေပါစေ ၊သားလေးရဲ့ အပြုံးချိုချိုမျက်နှာကို မြင်လိုက်ရရင် သူတစ်ချိန်လုံး ဝမ်းနည်းလာခဲ့ရတာတွေက... အကုန်ပျောက်သွားသည်။
အကြောင်းပြချက်က ထိုသားလေးသည်
ဂျွန်ဂျောင်ကုနောက်တစ်ယောက်မို့၊ ဂျွန်ဂျောင်ကုရဲ့ကိုယ်ပွားလေးမို့။သူချစ်ရသူရဲ့ သွေး သူကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရသည့်...သားလေး..ဂျွန်ထယ်ဟွန်းမို့ပင်။
"Knock....knock..."
"ဟော...သားရဲ့ဦးဦးပြန်ရောက်ပြီထင်တယ်
ပါပါးတံခါးသွားဖွင့်ပေးလိုက်အုံးမယ်နော်..."သားလေးက နားမလည်မှန်းသိလည်း..ဒီလိုတီတီတာတာလေးပြောနေရတာက သူ့စိတ်ကိုအေးချမ်းစေသည်..သားလေးကလည်းသူပြောသမျှကို နားမလည်သော်လည်း မျက်နှာလေးက တစ်ပြုံးပြုံးနှင့်၊
ထယ်ယောင်းသည် သားလေးကို...ဒရင်းဘတ်ပေါ်မှာခဏတင်ကာ...ဂျီမင့်ကို တံခါးလာဖွင့်ပေးလိုက်သည်။
VOCÊ ESTÁ LENDO
DEVIL♥︎♡︎(COMPLETED)
Fanficဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။