မူးဝေနေတဲ့ခံစားချက်နဲ့အတူ သူမ နိုးထလာတော့
ခြေတွေလက်တွေကို တုပ်နှောင်ထားသလိုခံစားမိနေသည်...'သူဘာဖြစ်သွားတာလဲ'
ဒီနေ့ မောင်နဲ့SUBWAYမှာတွေ့ဖို့ချိန်းထားတာ
စောင့်နေတုန်း အနက်ရောင်ဝတ်ထားတဲ့လူနှစ်ယောက်အနားကိုရောက်လာပြီး သူနှာခေါင်းကိုအဝတ်တစ်ခုနဲ့အတင်းအကြပ်အုပ်တာ ခဏအကြာတွင် သူမဘာမှမမှတ်မိတော့ ၊မှောင်မည်းနေသော ဂိုဒေါင်တစ်ခုထဲတွင် သူကုန်းရုန်းထသော်လည်း အချည်းအနှီးသာ...
သူမလက်နှင့်ခြေထောက်တို့တွင် ချည်ထားသောကြိုးများကြောင့်ပင်....ကင်မီရာ တစ်ယောက်အလန့်တကြားအော်နေမိသည်
"ကယ်ကြပါအုံး...ဒီမှာ...တစ်ယောက်ယောက်အပြင်မှာရှိလား......."
"တောက်..."
နောက်ကနေ ဝင်လာတဲ့အသံကြောင့် သူ့မတစ်ကိုယ်လုံးတုန်တတ်သွားသည်....
"မင်းပါးစပ်ကိုပိတ်ထားမလား ငါလာပိတ်ပေးရမလား"
ရင်းနှီးနေတဲ့ထိုအသံကြောင့် အမြန်ပင်လှည့်ကြည့်ကာ နှုတ်မှရေရွတ်လိုက်သည်....
"မောင်..."
"မခေါ်နဲ့... ရွံတယ် မင်းပါးစပ်ကအဲ့လိုခေါ်တာကို"
ကင်မီရာကတော့ အခုထိကြောင်နေမိတုန်း
"မင်းယောကျာ်းဘယ်မှာလဲ"
ကင်မီရာ မျက်လုံးပြူးသွားရသည်။
"မဟုတ်သေးဘူး မင်းဗိုက်ထဲက ကလေးအဖေဘယ်မှာလဲ..."
"ဟို ဘာတွေပြောနေတာလဲ... မီရာမသိဘူးနော်"
"ကျစ်...."
ဂျောင်ကု ခါးကြားထဲကသံနတ်ကိုထုတ်ကာ
"မင်းကလေးနဲ့ မင်းအသက်ရှင်ချင်ရင်ပြောလိုက်...ငါကပညာပေးချင်ရုံလောက်ပဲ မင်းယောကျာ်းကိုအသေမသတ်ဘူး..."
"သူ..သူဘယ်မှာရှိလဲမသိဘူး...."
ဂျောင်ကုတွေဝေသွားသည် ဒီကောင်ဘယ်ရောက်နေတာလဲ..သူရှာတာက clubက ကိစ္စပြီးတည်းကဖြစ်သည်..
ဒါမယ့်ဒီကောင်ဘယ််ကိုရောက်နေလဲမသိပေ..ဒါကြောင့်ကင်မီရာ့ကိုဖမ်းထားခြင်းဖြစ်သည်
ဒီမိန်းမကလည်း သူ့အသက်နဲ့ရင်းပြီး လူတစ်ယောက်ကို ကာကွယ်ပေးထားမှာတဲ့လား။
ESTÁS LEYENDO
DEVIL♥︎♡︎(COMPLETED)
Fanficဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။