အချိန်တွေကိုသာနောက်ပြန်ဆုတ်ခွင့်ရမယ် ဆိုရင် သူ့ အတိတ်ကိုပြန်ပြီးပြင်ဆင်ချင်သည်.....
ထယ့်လို့ ဖြူစင်တဲ့သူ....
အရာရာမှာပြည့်စုံလွန်းသူ...
ကိုလက်ထပ်ရတာက သူ့ဘဝအတွက် ဘုရားပေးတဲ့ဆုလာဘ်တွေးထဲမှာမှ ကံအကောင်းဆုံး ဆုလာဘ်ပင်...သူ၏အသုံးမကျတဲ့ မခံချင်စိတ်ကြောင့်ကင်မီရာနဲ့ကြားက ပြသနာကရှုပ်လာရသည်
ထိုညက သူအရင်ညတွေလိုပဲ မင်ယွန်ဂီတို့နဲ့အတူ clubကိုရောက်လာပြီး အလုပ်အကြောင်းဆွေးနွေးဖြစ်ခဲ့ကြသည်...
မင်ယွန်ဂီတို့က အရေးကြီးကိစ္စပေါ်လာလို့ အရင်ပြန်နှင့်တော့ သူကအိမ်က နတ်သားလေးဆီစောစောပြန်ဖို့အတွေးနှင့် ကြည်နူးနေမိသည် ...
ပြန်ခါနီးwaiterကောင်လေးရဲ့menuအသစ်ဝိုင်ကို လာချပေးသည်အထိ အကောင်းကြီးရှိသေးသည်...
တော်ရုံသောက်ပုံနဲ့မူးတတ်သူမဟုတ်ပေမယ့်..
အဲ့နေ့မှ ထူးထူးခြားခြားမူးချင်လာသလိုဖြစ်ပြီးထဲက ဘာမှမမှတ်မိတော့ပေ...သေချာတာက သူဟိုမိန်းမနဲ့ ဘာမှမဖြစ်ခဲ့ပေ..
ဝိုင်ထဲမှာ ဆေးခတ်တာကလည်း ထိုမိန်းမလက်ချက်ပင်ဖြစ်လိမ့်မည်...သက်သေမရှိသေးလို့သာ ငြိမ်နေခြင်းဖြစ်သည်
..
..
..
..
.."ကျွန်တော်တို့ကွာရှင်းရအောင်..."
ဂျောင်ကုရေချိုးဖို့အင်္ကျီချွတ်နေတဲ့ လက်တွေတုန့်ခနဲရပ်တန့်သွားသည်...
သူနားကိုတောင်သူမယုံနိုင်သည်အထိ...ထယ်ကသူ့ကိုကွာရှင်းဖို့ပြောနေတာတဲ့လား...မဖြစ်နိုင်တာ..ထယ်ကသူ့ကိုချစ်နေသလို..
သူကလည်း ထယ့်ကိုဘယ်လောက်တောင်ချစ်နေမိပြီလဲ...ဒါကိုအခု ဘာလို့ကွာရှင်းချင်ရမှာလဲ...."ဘာတွေပြောနေတာလဲ.. ထယ်..ကိုယ်တို့ကဘာလို့ကွာရှင်းရမှာလည်း..ထယ်လည်းကိုယ့်ကိုချစ်သလို..ကိုယ်လည်းထယ့်ကိုချစ်တယ်လေ..."
"ကျွန်တော်ကမှမချစ်တာ..."
"ထယ့်.."
.
.
.ဂျောင်ကုအသံကဒီတစ်ခေါက်တော့မာသွားသည်
မတ်တပ်ရပ်နေပေမယ့် မျက်နှာကိုတစ်ဖက်လွှဲထားတဲ့ ထယ့်ပခုံးနှစ်ဖက်ကို ငြင်းသာမှုမရှိစွာ ဆွဲရမ်းလိုက်သည်. .
![](https://img.wattpad.com/cover/242889423-288-k216796.jpg)
YOU ARE READING
DEVIL♥︎♡︎(COMPLETED)
Fanfictionဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။