တစ်ခါတလေမှာ...
သိပ်ချစ်ပေမယ့်လည်း စွန့်လွှတ်ခဲ့ရတာတွေက
သတ္တိမရှိလို့မဟုတ်ဘူး...
နာကျင်ရတာတွေများလာတဲ့အခါ...
တွယ်ကပ်ထားဖို့ အင်အားမရှိတော့တာကြောင့်။.....
.....
.....
.....ဆောင်းဝင်စ မနက်ခင်းရဲ့ ချမ်းစိမ့်မှုနဲ့အတူ နေအလင်းရောင်တစ်ချို့က မှန်ပြတင်းပေါက်ကနေတဆင့်
ထိုးဖောက် ဝင်ရောက်လာခဲ့သည်ထယ်ယောင်း အိပ်ရတာ ညောင်းချိချိနှင့် အဆင်မပြေလှသည့် အနေအထားကြောင့် မျက်လုံးဖြေးဖြေးချင်းဖွင့်ကြည့်မိသည်။
"ဟင်..နေတောင်မြင့်နေပြီ..."
သူဆိုဖာပေါ်မှာ အိပ်ပျော်သွားတာလား...၊
'ဒါဆို ညကအကိုအိမ်ပြန်မအိပ်ဖူးပေါ့...'
ထယ်ယောင်းစိတ်ပူမှုနဲ့အတူ မြန်မြန်ထရပ်လိုက်မိတော့
ခေါင်းထဲတွင် မူးခနဲ..ထယ်ယောင်းဆိုဖာပေါ်တွင် ဖြေးဖြေးချင်းပြန်ထိုင်ချလိုက်သည်။
"Tong...tong"
မက်ဆေ့ချ်သံကြောင့် ဆိုဖာရှေ့စားပွဲပေါ်ကဖုန်းကိုယူကြည့်လိုက်သည်....
'မ..မဖြစ်နိုင်တာ...'
ထယ်ယောင်းဖုန်းscreenပေါ်ကိုဆက်မကြည့်နိုင်တော့
လက်ထဲတွင်သာ ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။'အကိုညကပြန်မလာတာက ကင်မီရာနဲ့သွားအိပ်ခဲ့တာလား'
ပုံထဲတွင်အကိုက အပေါ်ပိုင်းဗလာကို ကင်မီရာနဲ့အတူစောင်တစ်ထည်တည်းခြုံထား၏
ဖုန်းနံပါတ်က အစိမ်းဆိုပေမယ့် သူ့ဒီလိုပို့တာဆိုတော့..အမပဲဖြစ်မှာပေါ့...
ထယ်ယောင်း ခေါင်းကိုတွင်တွင်ခါရမ်းနေပေမယ့်... ပါးမှာတော့မျက်ရည်တွေ ကျဆင်းနေပြီ
ယောကျာ်းလေးတန်မဲ့ မျက်ရည်လွယ်တဲ့ သူ့ကိုယ်သူလည်း မုန်းပါ၏
အကိုနဲ့တစ်ခြားတစ်ယောက် ဒီလိုဖြစ်နေတဲ့ပုံကို မြင်လိုက်ရတဲ့အခိုက်အတန့်လောက် သူ့ဘဝတွင် နာကျင်တာမျိုးမရှိတော့ပါ။
အကိုက သူ့ကိုချစ်တာပဲ ဒီလိုမလုပ်လောက်ပါဘူးလို့ထင်ထားမိတာကိုက သူယုံကြည်မှုလွန်ကဲမိခဲ့တာဖြစ်လိမ့်မည်။
YOU ARE READING
DEVIL♥︎♡︎(COMPLETED)
Fanfictionဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။