ပြတင်းပေါက် မှန်တံခါးပေါက်မှ တဆင့်
နေရောင်ခြည်တောင် ဖြန့်ကျက်နေပြီမို့ ထယ်ယောင်းမျက်လုံး ဖွင့်ကြည့်လိုက်မိ၏။'သေစမ်း..နေတောင်မြင့်နေပြီ'
ထယ်ယောင်း မနက်စောစောထတတ်တဲ့ အကျင့်ရှိပေမယ့် မနေ့က တစ်နေ့လုံးမတ်တပ်ရပ်ထားရတဲ့ အရှိုန်ကြောင့် ပင်ပန်းပြီးအိပ်ပျော်သွားတာ ဟိုလူ ဘယ်အချိန် ပြန်ရောက်လာလဲပင် မသိတော့ပေ။
မြန်မြန်ထကာ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်...။ထယ်ယောင်းတို့ အိမ်နားတွင် mini martလေး တစ်ခုရှိတာမို့ ခြေလျှင်သာသွားပြီး လိုအပ်တာများသွားဝယ်ပြီးပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ကျောင်းသွားရန်ပြင်လိုက်၏။
အခုချိန်ထိ မနိုးသေးသောထိုသူမှာ ညကဘယ်အချိန်မှပြန်ရောက်သည်လည်းမသိပေ။
ကားက သူ့ကားတစ်စီးထဲမို့ ကုမ္မဏီသွားလျှင်ကားမရှိမှာစိုးလို့ ထယ်ယောင်းtaxiသာငှားစီးသွားတော့သည်...။
...
ဂျောင်ကု အိပ်ယာကို နိုးတော့နေ့လည်ပင်ရောက်တော့မည်၊ ဒီနေ့တော့ ကုမ္မဏီကိုသွားမနေတော့ အခုချိန် ဆန္ဒပြနေသည့်ဗိုက်ကို အရင်ဖြည့်ရမည်....။
အောက်ဆင်းလာပြီး ပတ်ဝန်းကျင်ကို ဝေ့ရမ်းကြည့်လိုက်တော့ ဟိုကောင်လေးကို အရိပ်အရောင်တောင်မှာမတွေ့။
'အိပ်ယာမထသေးတာတာလား'
ညက မင်ယွန်ဂီတို့နဲ့သောက်တာ များပြီး နည်းနည်းညဥ့်နက်သွားသည်။
မင်ယွန်ဂီနဲ့ ဂျောင်ဟိုဆော့ကတော့ ပြောသည်။
မင်္ဂလာဦးညမှာ တစ်ယောက်တည်းထားခဲ့တာ တော်တော်လွန်တယ်တဲ့ အဲ့ဒါကြောင့်မိုးလင်းတဲ့အထိမနေဘဲ ပြန်လာတာ အခန်းတံခါးဖွင့်ကြည့်တော့ သူက အိပ်တောင်ပျော်နေပြီ၊
ဒါကြောင့် ဂျောင်ကုလည်း ကိုယ့်အခန်းကိုယ် ဝင်ပြီးအိပ်လိုက်တာ အခုမှနိုးတာ။မီးဖိုချောင်ဘက်လှည့်ကြည့်တော့ ခုံပေါ်တွင် အုပ်စောင်းနဲ့ တစ်ခုခုကို အုပ်ထားသည်မို့ ဖွင့်ကြည့်လိုက်တော့ ပေါင်မုန့်ထောပတ်သုတ်ထားတာနှစ်ချပ်ရယ် ကော်ဖီတစ်ခွက်ရယ်တွေ့တော့ ဂျောင်ကု အသာပြုံးလိုက်မိသည်။
ESTÁS LEYENDO
DEVIL♥︎♡︎(COMPLETED)
Fanficဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။