DEVIL💥part-11

9K 771 39
                                    


"မောင်..အာ့ဆိုဒါပဲနော်...."

"အွန်း "

"ချစ်လား"

" အွန်း ချစ်တယ်"

ထယ်ယောင်း အကို့အင်္ကျီနှစ်ထည် မီးပူတိုက်ထားတာကိုယူပြီး အပေါ်ထပ်ကို တတ်လာတော့ အခန်းထဲက ကြားလိုက်ရသည့်အသံကြောင့် ရပ်ပြီးနားထောင်လိုက်သည်။
သူများအကြောင်းဆို တော်ရုံစပ်စုတတ်သူမဟုတ်ပေမယ့် အကိုနဲ့ ပတ်သတ်တဲ့ကိစ္စဆိုရင်တော့ မစပ်စုဘဲမနေနိုင်အောင် ထယ်ယောင်းက အလေးထားသည်။

အခုလည်း သူနားထောင်းမိတာ မှားပြီထင်ပါရဲ့...၊
ဘာပဲဖြစ်ဖြစ်အကိုက ပျော်နေတာပဲမလား...၊

အကိုပျော်နေရင် သူလည်းပျော်နေပါတယ် ၊
မဟုတ်ဘူး...ပျော်အောင်ကြိုးစားနေတာပါ...
ဘယ်လိုလူမျိုးက ကိုယ်ချစ်တဲ့သူ တခြားတစ်ယောက်နဲ့သာယာနေတာကို ပျော်ပေးနိုင်ပါ့မလဲ ၊ သူ့ဘဝက ဆိုင်သာဆိုင်တယ် မပိုင်ရတဲ့ဘဝပါ...။

အကိုရဲ့ နှုတ်ခမ်းပါးက ချစ်တယ်လို့ ပြောတာလေးကို သေလောက်အောင်ကြားချင်ခဲ့တာ ဒါပေမယ့်အဲ့စကားတွေက သူ့အတွက်မဟုတ်ခဲ့ဖူးပဲ။

အကိုနဲ့ အမနဲ့က ရည်းစားတွေတဲ့၊
အဲ့ဒါလည်း ဟိုနေ့ကမှ အမကပြောလို့သူသိတာ မယုံစရာ
လည်း မရှိပါ
သူ့မျက်လုံးနဲ့ကိုယ်တိုင်မြင်တာပဲ အကိုကအမမီရာနဲ့ ဒီလောက်နီးစပ်နေကြတာကိုလေ၊

သိတဲ့နေ့က ထယ်ယောင်း ကျောင်းမှာ တစ်နေ့လုံး ခုံပေါ်တွင် မရှက်နိုင်ဘဲ မှောက်ပြီးငိုနေလို့ ဂျီမင့်ခမျာမနည်း
ချော့ပြီး နှစ်သိမ့်ပေးခဲ့ရသည်။

အကိုကတောင် အဲ့နေ့ကျောင်းလာကြိုတော့
နေမကောင်းဘူးလားဆိုပြီး အတင်းမေးနေသည်။

ကိုယ့်အတွက်မဟုတ်မှန်း အစောကြီးထဲက သိသည်၊ ဒါကြောင့် စိတ်ပြင်ဆင်ထားပါသော်လည်း တကယ်တမ်းလက်တွေ့သိရတော့ မခံစားနိုင်ပေ။
စိတ်လွတ်ကိုယ်လွတ်အော်ငိုလိုက်ရတော့မှ ခံစားရတာ နည်းနည်းသက်သာသွားတာဖြစ်၏။

ဒီတိုင်းလေးပဲ တိတ်တိတ်လေး ဆက်ချစ်နေလို့ရတာပဲ ​အကိုမှမသိတာ....အတ္တဆန်တယ်ဆိုရင်တောင်  အကို့ရဲ့ဘေးနားမှာ အကိုကကွားရှင်းပေးပါလို့မပြောသ၍ ကပ်တွယ်နေပါရစေ ၊အကို့ဘက်က ကျွန်တော့ကို မလိုအပ်တော့တဲ့တစ်နေ့ ထွက်သွားပေးမှာပါ။

DEVIL♥︎♡︎(COMPLETED)Donde viven las historias. Descúbrelo ahora