ထယ်ယောင်း ညနေပိုင်းရေချိုးပြီး သားလေးနားသွားထိုင်ကာ ဖုန်းခဏကြည့်နေလိုက်သည်...
လွမ်းပါတယ် ဆိုပြီးမျက်နှာလေးမြင်ချင်ခဲ့တာ မျက်နှာမြင်ပြီးမှ ပိုလွမ်းတယ်ဆိုတာမျိုး....
ထယ်ယောင်း နာရီကိုတစ်ချက်မော့ကြည့်လိုက်မိသည်.
၅နာရီတောင်ထိုးတော့မယ် ပြန်မလာသေးသောဂျီမင်ကြောင့် စိတ်ပူသွားသည် အရင်ကဆိုရင် ၃နာရီခြားတစ်ခါလောက်ဖုန်းခေါ်တတ်တဲ့အကျင့်ရှိသူက ဒီနေ့တစ်နေ့လုံး ဖုန်းမဆက်တော့ နည်းနည်းတော့စိတ်ပူမိသည်
အရင်ကဆို ၃ နာရီ၄နာရီပြန်လာနေကျပင်..။ကလေးနဲ့တစ်နေ့လုံးပင်ပန်းထားတဲ့အရှိုန်ကြောင့် စားပွဲပေါ်တွင် ခဏလက်မှီကာလှဲလိုက်တာ မှေးကနဲ့အိပ်ပျော်သွားရုံရှိသေးသည်
အဆက်မပြတ်မြည်နေတဲ့ဖုန်းသံကြောင့် အိပ်ချင်မူးတူးနှင့်ဖုန်းကောက်ကိုင်လိုက်သည်...
"ဟယ်လို..."
"မင်းအတွက် ခြောက်ခြားဖွယ်ရာမြင်ကွင်းတစ်ခုပြမယ် ငါနဲ့အတူတူကြည့်မလား..."
"ဂျွန်...ဂျွန်ဂျောင်ကုလား"
"ဟက် ဘယ်ဆိုးလို့လဲ ကိုယ့်ယောကျ်ားဟောင်းအသံတော့မှတ်မိသေးတယ်ပေါ့ အာ ဘယ်ဟုတ်မလဲ မင်းယောကျာ်းပဲလေ ငါနဲ့က ကွာမှမကွာရှင်းရသေးတာ...."
"........"
"ကဲပါ ဒီစိတ်ဝင်စားစရာ ကိစ္စလေးကိုအရင်ပြတာပေါ့မင်းvideo callဖွင့်လိုက်"
ထယ်ယောင်းလည်း vd callမြန်မြန်ဖွင့်လိုက်သည်
ဖုန်းထဲက မြင်ကွင်းကြောင့် ထယ်ယောင်းလန့်ပြီးအော်လိုက်သည်...
" ဂျီ..ဂျီမင့်ကိုဘာလုပ်နေတာလဲ "
မင်းသူငယ်ချင်း အရှက်မကွဲစေချင်ဘူးဆိုရင် မင်းကိုယ်တိုင်အိမ်ကိုပြန်လာခဲ့ မဟုတ်ရင် ငါဒီvideoကိုဖြန့်မှာနော်
"ဂျွန်ဂျောင်ကုခများ..တော်တော် အောက်တန်းကျတာပဲ"
"ဟက် ဒီ့ထက်တောင်ပိုလုပ်နိုင်သေးတယ်"
ထယ်ယောင်းလက်ထဲက ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုတ်ထားမိသည်..
ČTEŠ
DEVIL♥︎♡︎(COMPLETED)
Fanfikceဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။