ကင်မ်မီရာသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ရက်သားနှင့်ပင်ကျန်ခဲ့၏။
သူမ ဂျောင်ကုကိုချစ်ပေမယ့် ဖောက်ပြန်ခဲ့မိသည်က ဒါပထမဆုံးအကြိမ် မဟုတ်တော့ပေ။
ဂျွန်ဂျောင်ကုရဲ့ အချစ်ဦးက သူမဆိုတာသိတာမို့
ဒီလိုအခြေအနေမျိုးမှာ မိသွားတော့ တောင်းပန်ရင် ခွင့်လွှတ်ပေးမယ်လို့ ထင်ခဲ့မိ၏။
တကယ်ဆို သူမကငွေမက်သည်..သူကိုယ်တိုင်က ပိုက်ဆံမရှိတာမဟုတ်ပေမယ့်
သူများတကာဆီမှာချုစားရတာကို ဝါသနာပါပုံပေါ်သည်၊ဒါပေမယ့် ဂျောင်ကုကိုတော့ အမှန်တကယ်ကြိုက်တာဖြစ်၏။
ဂျောင်ကုချမ်းသာတာကို သူမတကယ်ပင် မသိခဲ့ပါ။
ဂျောင်ကု ကသူမကို ချစ်နေအုံးမယ်ဆိုတာ ယုံကြည်သည်...အခုတောင် ပန်းစည်းနဲ့ စပရိုက်လာတိုက်ခဲ့တာမဟုတ်လား..လက်ထပ်မယ်ဆိုတာကလည်း သူစိတ်ဆိုးလို့ပြောတာဖြစ်ရမည်...
အခု သူဘယ်သူ့ဆီကမှ ချူစားစရာမလိုတော့ပေ..သူ့ရည်းစာကjeon groupရဲ့တစ်ဦးတည်းသော သားမို့...မီရာအတွေးနဲ့ အပျော်ကြီးပျော်နေ၏။
ကြမ်းပြင်ပေါ်က ပန်းစည်းအနီရဲရဲကို ကောက်ကိုင်လိုက်ကာ'ဂျောင်ကုက ဘယ်သူ့ကိုမှလက်ထပ်မှာမဟုတ်ဘူး...'
သူကသူမချစ်တဲ့သူနဲ့ လက်ထပ်မှာ မဟုတ်ဘူးလို့ပြောဖူးတာပဲ။
.
.
.
.
."နောက်ရက်နည်းနည်းလောက်တော့ စောင့်ပါအုံး ကျွန်တော်က အလိမ်ခံရတဲ့သူပါ"
ထယ်ယောင်း ပန်းဆိုင်သိမ်းပြီး အိမ်ရောက်တော့ ညတောင်မှောင်နေပြီးဖြစ်သည်။
အိမ်တံခါးဝနားရောက်တော့ ဖုန်းပြောနေတဲ့အဖေ့ရဲ့အသံကြောင့် သူ့ခြေလှမ်းတွေရပ်တန့်သွားသည်...တံခါးနားကို ကွယ်ပြီးဆက်နားထောင်နေလိုက်၏၊
"Mr. kimကိုအားနာပေမယ့် ကျွန်တော်တို့လည်းလုံးဝမဖြစ်တဲ့ အခြေအနေမို့ပါ..အဲ့ကကုန်ကြမ်းတွေမရရင် ပစ္စည်းတွေထပ်မထုတ်နိုင်ရင် ကျွန်တော်တို့ရှယ်ယာရှင်တွေပါ ဒုက္ခရောက်မှာဗျ...."
"ဟုတ်..ဒါကိုနားလည်ပေမယ့်..ထောင်ကျမယ်ဆိုတဲ့အထိကတော့..."
ထောင်ကျမယ်...ထယ်ယောင်းထိုနေရာမှာတင်အတောင့်ရပ်သားနှင့်...speakerဖွင့်မထားပေမယ့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့် တဖက်မှပြောသည့် အသံကို အတိုင်းသားကြားနေရသည်၊
ESTÁS LEYENDO
DEVIL♥︎♡︎(COMPLETED)
Fanficဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။