'တောက်!!ကင်ထယ်ယောင်း နင်တော်တော် မျက်နှာပြောင်တိုက်တတ်နေပြီပဲ....'
တကယ်ဆိုရင် မောင်က ဒီရက်ထဲဖုန်းခေါ်ရင် မကိုင်ပေဒီနေ့ဖုန်းခေါ်တော့ ကိုင်တဲ့သူအသံက ကင်ထယ်ယောင်းအသံမှန်းတန်းသိနေလို့ တမင်ပြောလိုက်ခြင်းဖြစ်သည်။
'သူကများဂျောင်ကုနဲ့တဲ့ ဟက်...မောင်ကယောကျာ်းလေးကို စိတ်ဝင်စားပါ့မလား'
သို့သော် ကင်မီရာ စိတ်ထဲထင့်သွားတာတော့အမှန်ပင်
'မဖြစ်နိုင်ပါဘူး သူလည်း ငါ့လို့ပဲ တမင်ပြောလိုက်တာနေမှာပေါ့'
.....
ဂျောင်ကု ထယ်အိပ်ပျော်သွားတော့ ခေါင်းရင်းနားက ဖုန်းကိုတစ်ချက်ယူကြည့်လိုက်သည်
စကားပြောထားသည့် ကောလ်ကိုမြင်လိုက်၏
ထယ်က ဟိုမိန်းမနဲ့ဖုန်းပြောဖြစ်လိုက်သေးတယ်ပေါ့ ဒါမယ့် သူ့ကိုထယ်က ဘာမှလည်းပြန်မပြောပါလား
ဂျောင်ကုအတွေးများဖြင့်ချာချာလည်မိသည်..
ဒီမိန်းမစိတ်ကပြောလို့ရတာမဟုတ်
ကိုယ့်မောင်ကိုတောင် ချောက်တွန်းတတ်တဲ့သူ
သူနဲ့ထယ့်ကြားမှာခလောက်ဆန်လုပ်လို့သာ
ထယ်အထင်လွဲသွားခဲ့ရင်...ကျစ်
ဂျောင်ကုစုတ်တစ်ချက်သပ်လိုက်သည်။ဒါမျိုးတော့ ဘယ်လိုမှအဖြစ်မခံနိုင်ပေ သူဒီကိစ္စကိုမြန်မြန်ရှင်းမှရတော့မည်၊
ဂျောင်ကုဖုန်းကိုယူကာ အောက်ထပ်ကိုဆင်းလာခဲ့သည်..
အိပ်မပျော်သေးတဲ့ထယ်ကတော့ စိတ်ပူခြင်းများစွာဖြင့်
ကျန်ခဲ့သည်
အရင်တုန်းကမဆိုင်ဘူးဆိုရင်တောင် အခုတော့အကိုကလည်း သူ့ကိုချစ်တယ်မဟုတ်လား၊
သူ့မှာသဝန်တိုခွင့်ရှိသည်
စိတ်ဆိုးပိုင်ခွင့်ရှိသည်
သို့သော် မလုပ်နိုင်ပေ။သူအဲ့လိုလုပ်လို့ အကိုက သူ့ကိုစိတ်ပျက်သွားမှာစိုး၏
သဝန်တိုချင်ပေမယ့် ယောကျာ်းမာနမို့ မလုပ်နိုင်
အကို့ကို ချုပ်ခြယ်သလိုဖြစ်မှာလည်းစိုးသည်အကိုက ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့က်ို လုံးဝဖုံးကွယ်ထားသည် မဟုတ်လား။
![](https://img.wattpad.com/cover/242889423-288-k216796.jpg)
YOU ARE READING
DEVIL♥︎♡︎(COMPLETED)
Fanfictionဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။