ကိုယ်တကယ်ချစ်မိတဲ့သူကို တွေ့တဲ့အခါ
ဆုံးရှုံးရမှာကို ကြောက်လာတယ် ဒါကြောင့် တတ်စွမ်းနိုင်သလောက် ကပ်တွယ်ထားချင်မိတယ်....ကိုယ်က မပိုင်ဆိုင်ရရင်လည်း ငေးနေရုံနဲ့ကျေနပ်ပါတယ်ဆိုပေမယ့်...အခြားတစ်ယောက်ကိုလည်းမပေးလိုက်နိုင်ပြန်ဘူး ဒါကိုသူကအတ္တဆန်တယ်လို့မမြင်နိုင်တော့ဘူး..ဘာဖြစ်လို့လဲဆိုတော့..အကို့ကို သူကသိပ်ချစ်နေမိလို့....နာကျင်ရမယ်ဆိုရင်တောင်မှ လက်မလွှတ်ချင်ဘူး..။"ညနေကျရင်ကိုယ်လာကြိုမယ်.."
"ဟုတ်..."
ဂျောင်ကုက အခုနောက်ပိုင်းစကားပြောရင်ငါ ကလို့မသုံးဘဲ...ကိုယ် လို့ပြောင်းသုံးတတ်သည်..ဒီအသေးအဖွဲ့ကိစ္စလေးကအစထယ်ယောင်းကလည်း ကျေနပ်မိသည်....။
"ကျွန်တော် သွားပြီနော်..."
တာ့တာတောင်ပြသွားသေးတဲ့ ထယ်က အခုထိကလေးအတိုင်းပင်..ထယ်နဲ့နေလာတာကြာတော့ ကလေးတစ်ယောက်လိုဖြူစင်သောထယ့်ပုံလေးက သူ့အမပြောသည့်ပုံနှင့်လားလားမျှမသက်ဆိုင်။
ဒီနေ့တော့ ထယ်ကဘာတွေ အတွေးလွန်နေလည်းမသိ သူ့ကားထွက်သွားသည် အထိတောင်မစောင့်နိုင်ပေ။
ဂျောင်ကုလည်း သူ့ကိုယ်သူအံ့သြနေမိသည်
သူကအခုမှဘာလို့ အသေးအဖွဲ့ကအစ လိုက်သတိထားနေလဲမသိတော့ပေ။
အခုလည်း ခြေလှမ်းမှန်မှန်လေးနဲ့ထွက်သွားတဲ့...သူ့ရဲ့လင်ယောကျာ်းလေးရဲ့အလှကို တမေ့တမောငေးကြည့်ကျန်နေခဲ့မိသည်
ပုံမှန်လည်း နေလာကျကို အခုမှထယ့်ရဲ့ချောမောနေတာကြီးကို သူအလိုမကျသလို တခြားသူတွေနဲ့လည်း စိတ်မချချင်။အဲ့လောက်လှတဲ့ သူနဲ့လက်ထပ်ထားရတာကို
သူဘာလို့အစက အလိုမကျခဲ့မိတာလဲဆိုတော့..အဖြေကရှင်းပါတယ်
သူကထယ့်ရဲ့အလှကို သဘောကျလို့ ရင်ခုန်ခဲ့တာဆိုရင်
စိတ်နေစိတ်ထားနဲ့ ဖြူစင်မှုကိုချစ်ခဲ့မိတယ်ထင်ပါရဲ့...ဒါဆို ငါကထယ့်ကိုချစ်နေမိတာလား..
ဂျောင်ကုပြုံးလိုက်မိသည်..
ကိုယ်ကိုကိုယ်ငြင်းမနေချင်တော့..
အဖြေက မသေချာရင်တောင် မလွဲနိုင်ပေ..
YOU ARE READING
DEVIL♥︎♡︎(COMPLETED)
Fanfictionဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။