"ဟူးး"ဂျောင်ကု အိမ်ပြန်ရောက်သည်နှင့် အပေါ်မှ ကုတ်ကိုချွတ်ကာ ဆိုဖာပေါ်ကို ခြေပစ်လက်ပစ် ဝင်ထိုင်လိုက်သည်...။
သူ့အရှေ့ ဆိုဖာပေါ်မှာထိုင်နေသော ထိုကောင်လေးကလည်း သူ့ကိုအာရုံရှိတဲ့ပုံမပေါ်၊ ဖုန်းကိုသာ အသည်းအသန်ကြည့်နေ၏။
လက်အသွားမလာ အရဆိုရင် စာရိုက်နေတဲ့ပုံပေါ်သည်...၊Jimin : "မင်းတို့က ဘာလို့ အိမ်ခွဲနေတာလဲ"
Tae : "hyungက သူ့appaကိုအိမ်ခွဲနေမယ်လို့
ပြောတာတဲ့..."jimin : "မင်းအဆင်ပြေလား"
Tae : "ပြေတယ်"
jimin : "သူ့အမေကရော မင်းကိုကြည်ဖြူရဲ့လား"
Tae: "ကြည်ဖြူပါတယ်...ဒါပဲနော် ငါရေသွားချိုးအုံးမယ် တစ်နေ့ခင်းလုံး ဒီဝတ်စုံကြောင့် တော်တော်ပူနေတယ်ကွ..."
တကယ်တော့ ဂျောင်ကုအမေကတော့သူ့ကို သိပ်ကြည်ဖြူပုံတော့မပေါ်ပါ ၊
သို့သော်လည်း အဆိုးကြီးတော့လည်းမဟုတ်၊ ဂျောင်ကုအဖေနဲ့အမေက တည့်တဲ့ပုံမပေါ်ပဲ အိမ်ခွဲနေကြသည်တဲ့..ဒါတွေကိုလည်း ထယ်ယောင်း ဒီနေ့မနက်မင်္ဂလာဆောင်တဲ့ မနက်ကမှသိတာဖြစ်သည်...။ဂျောင်ကုရဲ့ အဖေကတော့ ထယ်ယောင်းအပေါ်တွင် တော်တော်ကောင်းပါသည်
သားလေး.သားလေးနှင့် ပါးစပ်ကကို မချ၊
အမေဖြစ်သူကတော့ သူ့သားကို ကောင်းကောင်းဂရုစိုက်ဖို့တော့မှာသွား၏။သူ့သားကဖြင့် ၂၅နှစ်တောင်ရှိနေပြီဟာကို.. ကလေးကျနေတာပဲ...၁၉နှစ်တောင်မပြည့်သေးတဲ့ကိုယ်ကပဲ ပြန်ဂရုစိုက်ကမည်တဲ့၊
ထယ်ယောင်းနှုတ်ခမ်းလေး မသိမသာထော်လိုက်သည်။
အေးလေ.... ကိုယ့်ယောကျာ်းပဲဟာ..သူကလိုအပ်သည် ဖြစ်စေ..မလိုအပ်သည်ဖြစ်စေ
ကိုယ့်ဘက်ကတော့ အိမ်ထောင်ဖက်တစ်ယောက်ရဲ့ တာဝန်
ဝတ္တရားရှိသည်အတိုင်း ကြေပွန်အောင်လုပ်မည်ဟု အစောကြီးထဲက ဆန္ဒရှိပြီးသားပင်။အတတ်နိုင်ဆုံး..လင်မယားဆက်ဆံရေးမဟုတ်တောင်...ညီအကိုလိုပဲဖြစ်ဖြစ်...ကောင်းကောင်းမွန်မွန်နေချင်သည်၊ သူ အကို့အပေါ်မှာဘယ်လိုခံစားချက်ရှိလည်း ကိုယ့်ကိုကိုယ်တောင်မသိပေမယ့်...သေချာတာတစ်ခုကတော့ အကိုနဲ့ပြေလည်ချင်သည်...အကို့ဘက်က လက်မခံရင်တောင်မှ
အနည်းဆုံးကြိုးစားကြည့်ချင်သေးပါ၏။
KAMU SEDANG MEMBACA
DEVIL♥︎♡︎(COMPLETED)
Fiksi Penggemarဂျွန်ဂျောင်ကု💜ကင်မ်ထယ်ယောင်း သူ့ရဲ့စေခိုင်းချက်ကြောင့်မဟုတ်ပါ သို့သော်....ကျွန်တော့် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း မှန်သမျှသည် သူ့အပေါ်တွင်သာမူတည်သည်။