Author Notes

7.5K 352 9
                                    

Unicode

Author Notes

အရင်ဆုံးဒီဝတ္ထုအတွက် ကျေးဇူးတင်ရမဲ့လူက နှစ်ယောက်ပါ။ ကိုကောင်းဇော်... ကာဗာဆွဲပေးတာအပြင် ဇော်ဂျီနဲ့ပတ်သက်တာတွေ၊ အရည်းရဟန်းတွေနဲ့ပတ်သက်တာတွေနဲ့ ပုဂံခေတ်နိုင်ငံရေးအကြောင်းကို စိတ်ရှည်ရှည်နဲ့ မေးသမျှဖြေပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ယောက်ကတော့အစ်ကို 陈林山 ပါ။ မဟာယာနဗုဒ္ဓဘာသာအကြောင်း မေးရမယ်လို့ ထင်ခဲ့ရာကနေ အရည်းရဟန်းတွေနဲ့ပတ်သက်တာတွေနဲ့ ပန်းဦးဆက်ဓလေ့အကြောင်း ဖြစ်လာပုံကို သေသေချာချာရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

နောက်ထပ်ကျေးဇူးတင်ရမှာကတော့ သမိုင်းအမှန်ဖြစ်စေရမည် group နဲ့ မြန်မာဂမ္ဘီရပစ္စည်းတွေအကြောင်းရေးသားတဲ့ group တွေပါပဲ။

ဒီအစ်ကိုနှစ်ယောက်နဲ့ ဒီ group တွေကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီဝတ္ထုကို ရေးနိုင်မှာမဟုတ်ပါဘူး။

ဝတ္ထုအကြောင်းကို ပြောရမယ်ဆိုရင်တော့ ဖွင့်ဟခြင်းမရှိသောကားလိပ်များရဲ့ ဇာတ်လမ်းက ဒီခေတ်မိန်းကလေးတစ်ယောက်က ပုဂံခေတ်ကိုရောက်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

အန်နာတို့သိတဲ့ အရည်းကြီးဟာ ဘယ်လိုများလဲ။

အရည်းကြီးဆိုတာ တကယ်ပဲ အန်နာတို့သိထားသလိုပဲလား။

မြန်မာ့သမိုင်းဟာ မှန်ကန်နေပြီလား။

ခေတ်အဆက်ဆက်မှာ အန်နာတို့ဟာ သမိုင်းကျမ်းတစ်အုပ်လောက်ကိုပဲ ကိုင်ဆွဲပြီး ဒါကိုအတည်လုပ်ပြီး ကိုးကားခဲ့ကြပါတယ်။ ဟိုးအရင်တွေတုန်းကတော့ ဟုတ်တာပေါ့။ ပြောပြနိုင်မဲ့လူတွေကလဲ နည်းပါးတာကိုး။ အလှမ်းလဲ ဝေးကြတယ်လေ။ ဒီဘက်ခေတ်မှာတော့ အန်နာတို့ဟာ အကုန်လုံးကို လွယ်လင့်တကူရှာနိုင်နေပါပြီ။ ဖုန်းတစ်လုံးသာ သုံးပါ။ FaceBook လို Social Media ကနေပါ အန်နာတို့က လေ့လာနိုင်ကြပါပြီ။

ဝတ္ထုခေါင်းစဉ်ဟာ အန်နာတို့တွေရဲ့ မသိမှုတွေကို ရည်ညွှန်းထားခြင်းဖြစ်ပါတယ်။

ဒီဝတ္ထုကို Facts နဲ့ စိတ်ကူးယဉ်မှုတို့နဲ့ပေါင်းစပ်ထားတာပါ။

အားလုံးပဲ ကောင်းသောနေ့လေးဖြစ်ပါစေ။ ဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။

-------

Unicode

Author Notes

အရင္ဆုံးဒီဝတၳဳအတြက္ ေက်းဇူးတင္ရမဲ့လူက ႏွစ္ေယာက္ပါ။ ကိုေကာင္းေဇာ္... ကာဗာဆြဲေပးတာအျပင္ ေဇာ္ဂ်ီနဲ႔ပတ္သက္တာေတြ၊ အရည္းရဟန္းေတြနဲ႔ပတ္သက္တာေတြနဲ႔ ပုဂံေခတ္ႏိုင္ငံေရးအေၾကာင္းကို စိတ္ရွည္ရွည္နဲ႔ ေမးသမွ်ေျဖေပးခဲ့တဲ့အတြက္ တကယ္ကို ေက်းဇူးတင္ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့အစ္ကို 陈林山 ပါ။ မဟာယာနဗုဒၶဘာသာအေၾကာင္း ေမးရမယ္လို႔ ထင္ခဲ့ရာကေန အရည္းရဟန္းေတြနဲ႔ပတ္သက္တာေတြနဲ႔ ပန္းဦးဆက္ဓေလ့အေၾကာင္း ျဖစ္လာပုံကို ေသေသခ်ာခ်ာရွင္းျပေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ေနာက္ထပ္ေက်းဇူးတင္ရမွာကေတာ့ သမိုင္းအမွန္ျဖစ္ေစရမည္ group နဲ႔ ျမန္မာဂမၻီရပစၥည္းေတြအေၾကာင္းေရးသားတဲ့ group ေတြပါပဲ။

ဒီအစ္ကိုႏွစ္ေယာက္နဲ႔ ဒီ group ေတြေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ဒီဝတၳဳကို ေရးႏိုင္မွာမဟုတ္ပါဘူး။

ဝတၳဳအေၾကာင္းကို ေျပာရမယ္ဆိုရင္ေတာ့ ဖြင့္ဟျခင္းမရွိေသာကားလိပ္မ်ားရဲ႕ ဇာတ္လမ္းက ဒီေခတ္မိန္းကေလးတစ္ေယာက္က ပုဂံေခတ္ကိုေရာက္သြားတဲ့ ဇာတ္လမ္းတစ္ပုဒ္ပါ။

အန္နာတို႔သိတဲ့ အရည္းႀကီးဟာ ဘယ္လိုမ်ားလဲ။

အရည္းႀကီးဆိုတာ တကယ္ပဲ အန္နာတို႔သိထားသလိုပဲလား။

ျမန္မာ့သမိုင္းဟာ မွန္ကန္ေနၿပီလား။

ေခတ္အဆက္ဆက္မွာ အန္နာတို႔ဟာ သမိုင္းက်မ္းတစ္အုပ္ေလာက္ကိုပဲ ကိုင္ဆြဲၿပီး ဒါကိုအတည္လုပ္ၿပီး ကိုးကားခဲ့ၾကပါတယ္။ ဟိုးအရင္ေတြတုန္းကေတာ့ ဟုတ္တာေပါ့။ ေျပာျပႏိုင္မဲ့လူေတြကလဲ နည္းပါးတာကိုး။ အလွမ္းလဲ ေဝးၾကတယ္ေလ။ ဒီဘက္ေခတ္မွာေတာ့ အန္နာတို႔ဟာ အကုန္လုံးကို လြယ္လင့္တကူရွာႏိုင္ေနပါၿပီ။ ဖုန္းတစ္လုံးသာ သုံးပါ။ FaceBook လို Social Media ကေနပါ အန္နာတို႔က ေလ့လာႏိုင္ၾကပါၿပီ။

ဝတၳဳေခါင္းစဥ္ဟာ အန္နာတို႔ေတြရဲ႕ မသိမႈေတြကို ရည္ၫႊန္းထားျခင္းျဖစ္ပါတယ္။

ဒီဝတၳဳကို Facts နဲ႔ စိတ္ကူးယဥ္မႈတို႔နဲ႔ေပါင္းစပ္ထားတာပါ။

အားလုံးပဲ ေကာင္းေသာေန႔ေလးျဖစ္ပါေစ။ ဖတ္ရႈေပးတဲ့အတြက္လဲ ေက်းဇူးတင္ပါတယ္။

---------

Folded Chapters [BxG] (Own Creation)Donde viven las historias. Descúbrelo ahora