part-8 U+ Z

1.1K 68 6
                                    

ခေတ်သစ် ရန်ကုန်က မန်နေဂျာကိုပါ Spot Light Company အကြောင်းစုံစမ်းစေသည်။

သတင်းအကြောင်းစုံ မသိရသေးခင်တော့ ဘာမှဆက်လုပ်လို့မရသေးပေ။ ထို့ကြောင့်ပင် သူငြိမ်နေရသည်။

Ting... tong. ..Ting. ..tong.

" Hello "

" Boss Spot Light company ကအရင်တစ်ခါ ကျွန်တော်တို့ကို လေလံပွဲမှာ ရှူံးဖူးတယ် ဒါကြောင့် နှောက်ယှက်နေတာထင်တယ် "

" ထင်တော့ထင်သား "

" Boss ကျွန်တော်တို့ထဲ သစ္စာဖောက်ရှိနေမှာစိုးရတယ် ဂရုစိုက်အုံး "

ခေတ်သစ်ခုမှစဉ်းစားမိသည်။ ဒီမြေဝယ်မယ့်ကိစ္စကို ဟိုဘက်ကဘယ်လိုသိသွားလဲ သူစဉ်းလို့မရပေ။

" မင်းပြောတာတောင်နောက်ကျနေပြီ "

" ဟာ "

" ပြောလို့တော့မရသေးပါဘူး ရှိချင်မှရှိမှာပါ ငါသေချာစစ်လိုက်အုံးမယ် ဒါဘဲ "

တီ......

ခေတ်သစ်ဖုန်းချပြီးတော့ သေချာပြန်စဥ်းစားနေမိသည်။

" ကိုကျော်စွာရော "

ခေတ်သစ်အလုပ်သမားခေါင်းဆောင်ကိုမေးနေခြင်းဖြစ်သည်။

" ကိုကျော်စွာ နေ့လည်စာသွားစားတယ်ထင်တယ် Boss "

" Aww "

ကိုကျော်စွာမှာတော့ အပူအပင်ကင်းစွာ နွယ်လေးကိုသွားငမ်းနေသည်။ ခေတ်သစ်နဲ့ တစ်ခါသွားပြီးတည်းက သူဒီဆိုင်ကို ချောင်းပေါက်မတတ် လာနေသည်။

" ကိုကျော်စွာ ခေတ်သစ်ရော မပါဘူးလား "

" မပါဘူး နွယ်လေးရောစားပြီးပြီလား "

" မစားသေးဘူး "

" မစားသေးရင် ဒီမှာအတူတူစားရအောင်လေ "

" ရပါတယ် ကိုကျော်စွာသာ ဝအောင်စားသွားပါ အလုပ်ရောက်ရင်ပြန်ဆာနေပါ့မယ် "

ကိုကျော်စွာက သူမကို လိုက်နေမှန်းသိသည်။ ကိုကျော်စွာက လူကောင်းတစ်ယောက်မှန်းသူမ သိပါသည်။ စက်သွေးတို့လောက် မချောပေမဲ့ ချောတဲ့ထဲတော့ ပါသည်။ ခေတ်သစ်က ရွယ်တူကို ဘာလို့ * ကို * ထည့်ခေါ်မှန်းသူမ စဉ်းစားနေမိသည်။

 Love SickWhere stories live. Discover now