part-19U+Z

1K 73 12
                                    

စက်သွေးတို့နှစ်ယောက် စကားမပြောဖြစ်တာ နှစ်ရက်လောက်ရှိပြီ ဖြစ်သည်။ အရင်တခါ ခေတ်သစ်ကို နမ်းပြီးတည်းက စကားသိပ်မပြောဖြစ်ကြပေ။ သူပြောလည်း ခေတ်သစ်က ပြန်ပြောချင်မှ ပြောသည်။

အပြင်သွားဖို့ ခေါ်လည်း မလိုက်ပေ။ ခေတ်သစ်ကို ခေါ်မရတာကြောင့် စက်သွေးလည်း အလုပ်ကို မသွားဖြစ်ပေ။ စက်သွေး စည်သူနဲ့ ဖုန်းခေါ်ပြီး ရဲစခန်းက ကိစ္စကိုပြောဖြစ်သည်။

တီ...

" Hello "

" စည်သူ မင်း အခုရန်ကုန်မှာလား "

" အေး... ဒါနဲ့မင်းကခုဘယ်မှာလဲ ငါတို့တောင်အဆက်အသွယ်မလုပ်ဘူး "

" အဲဒါအသာထားအုံး ခေတ်သစ်မဂ်လာပွဲနေ့က  လူတစ်ချို့  သူ့ကို မေ့ဆေးတို့ပြီး ခေါ်သွားကြတာ အဲ့လူတွေကို ငါရဲစခန်းအပ်ထားခဲ့တာ မင်းသွား ဖြေရှင်းလိုက်အုံး ဘယ်သူလုပ်ခိုင်းတာလဲရော သေချာစုံစမ်းခဲ့ "

" ဪ အေးအေး... ခေတ်သစ်ကအခုမင်းနဲ့အတူရှိနေလား "

" အင်း ဟုတ်တယ် ဒါပေမဲ့ သူနဲ့ငါနဲ့ငြိမ်းချမ်းရေးယူရအုံးမှာ ဒီကိစ္စကိုဘယ်သူမှမပြောနဲ့နော် ငါနဲ့အတူရှိနေတာတွေရော "

" အေးပါကွာ ငါအဆင်ပြေအောင်လုပ်ထားလိုက်ပါ့မယ် "

" အေးအေး..ဒါဘဲ "

တီ...

ခေတ်သစ်လည်း လုပ်စရာမရှိတာနဲ့ တချိန်လုံး စာအုပ်ဖတ်နေလိုက်သည်။ အိမ်ကိုလည်း ဖုန်းမဆက်ချင်တော့တာနဲ့ ဒီတိုင်းငြိမ်နေမိသည်။ မဂ်လာပွဲအကြောင်း တွေးမိရင်း သူအတော်စိတ်ပျက်နေမိသည်။

စီးပွားရေးလောကမှာ သူနာမည်ပျက်နေမှာ အသေအချာပင်ဖြစ်သည်။ သူ့ကို ဖမ်းခေါ်သွားသော လူတစ်ချို့ကိစ္စ ကိုလည်း စဉ်းစားမရဖြစ်နေသည်။

စက်သွေး ခေတ်သစ်ရှိရာ စာကြည့်ခန်းထဲသို့ လာခဲ့လိုက်သည်။

" ခေတ်သစ် ငါတို့ဒီအတိုင်းဘဲနေတော့မှာလား "

ခေတ်သစ် သူ့ကိုမော့ကြည့်လာသည်။

" ဒီတိုင်းမနေလို့ မင်းကဘယ်လိုနေချင်သေးတာလဲ "

စက်သွေးက ခေတ်သစ်နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ထိုင်နေတာဖြစ်သည်။

 Love SickWhere stories live. Discover now