part-11 U+ Z

1K 75 0
                                    

စက်သွေး မြို့ပြင်ရောက်တော့ ခပ်လှမ်းလှမ်းတောအုပ်ကနေ ထွက်လာတဲ့ဆိုင်ကယ် တစ်စီးထွကို​မြင်လိုက်သည်။ ဆိုင်ကယ်စီး ဉီးထုပ်ဆောင်းထားတာမို့ လူကိုသဲသဲကွဲကွဲမမြင်ရ။

စက်သွေး ထိုနေရာကို သံသယဖြစ်လာသည်။ ထို့ကြောင့် ခဏနေက ဆိုင်ကယ်စီး ထွက်လာတဲ့နေရာကို မောင်းသွားလိုက်သည်။ လမ်းဘေးမှာ ကားရပ်ပြီး ကျော်စွာဆီဖုန်းခေါ်လိုက်သည်။

" ကျော်စွာ ငါနေရာပို့လိုက်မယ် မင်းရဲတွေခေါ်ပြီးလာခဲ့လိုက် "

စက်သွေး ဖုန်းချပြီးတော့ သစ်ပင်တွေ အုံ့နေတဲ့ တောထဲ ဝင်သွားလိုက်သည်။ တောနက်ထဲ အနည်းငယ်ရောက်တော့ သူနဲ့ မနီးမဝေးမှာ ဇရပ်လိုလို ဘာလိုလို အဆောက်အဉီးပျက် တစ်ခုတွေ့ရသည်။

သူလည်း ထိုအဆောက်အဉီးနား ကပ်သွားလိုက်သည်။ အဆောက်အဉီးက ပစ်ထားတာကြာပြီမို့ ထင်သည် အရမ်းပျက်စီးနေသည်။ ချောင်တစ်ခုမှာ ကပ်ပြီး အထဲကအသံတွေနားထောင်ကြည့်မိသည်။

" မင်တို့ကို Spot Light ကခိုင်းလိုက်တာလား "

" ဘယ်သူ လွှတ်လွှတ်ပါ မင့်အပူမပါဘူး "

ခေတ်သစ်နောက်မှာချည်ထားတဲ့ကြိုးကို ဖြည်နေတာကြာပြီဖြစ်သော်လည်းတော်တော်နဲ့မရ။ ရိုက်ခံထားရတဲ့ ဒဏ်ကြောင့်လူလည်း နုံနေပြီဖြစ်သည်။

" မင်းတို့ Boss ကိုပြောလိုက် ငါဒီနေရာမှာသေသွားရင်တောင် ငါ့ကိုမနိုင်ဘူးလို့ ရှူံးမဲမဲနေတာ မင်းတို့ Boss က ဟားဟား ဟားဟား "

ခွပ်...ခွပ်...ခွပ်..

" မင်းလေရှည်စရာမလိုဘူး "

" ဟေ့ကောင် အသားကုန်ဆော်မနေနဲ့အုံး Boss မရောက်ခင်သူအသက်ထွက်သွားအုံးမယ် "

သူတို့ အချင်းချင်းပြောနေကြတာကို ခေတ်သစ်
အတိုင်းသားကြားနေရသည်။

စက်သွေး ချောင်းနေတုန်း နောက်က ဆိုင်ကယ်တစ်စီး ရောက်လာသည်။

" အထဲမှာလား "

" ဟုတ်တယ် Boss "

" သွားမယ် လမ်းပြ "

ထိုလူတွေက သူ့ကိုမြင်ဟန်မတူ။ အထဲကိုဝင်သွားကြလေသည်။ စက်သွေးလည်းနောက်ကနေ အသာလေး လိုက်သွား လိုက်သည်။

 Love SickWhere stories live. Discover now