" သမီးပျိုဖြူ မပြီးသေးဘူးလား နောက်ကျနေကြအုံးမယ် "
" ဟုတ် လာပြီ အန်တီ "
ခေတ်သစ်ပြန်သွားတော့ ပျိုဖြူကအိမ်မှာ အလည် ကျန်နေခဲ့သည်။ ပျိုဖြူ လည်း တစ်ရက်တစ်ရက် နွယ်လေးနဲ့ အလည်အပတ် သွားရသည်မှာ မမောနိုင်မပန်းနိုင်ပေ။
မနက်မိုးလင်းတည်းက ထွက်လိုက်သည်မှာ ညနေမှောင်ရီပျိုးချိန်မှ ရောက်လာသည်။ ပျိုဖြူလည်း နွယ်လေးနဲ့ အတော်ပင်ရင်းနှီးနေပြီ ဖြစ်သည်။
စည်သူလည်း တစ်ခါတလေ ပျိုဖြူတို့ကို အလည်အပတ် လိုက်ပို့တတ်သည်။ စည်သူနဲ့ ပျိုဖြူတို့ ဆက်ဆံရေးမှာလည်း တိုးတက်လာပြီဖြစ်သည်။
ကျောင်းဖွင့်တော့မှာမို့ ပျိုဖြူလည်း ရန်ကုန်ပြန်ရန်ပြင်ရတော့သည်။ ပျိုဖြူ အောက်ထပ်ရောက်တော့ ကိုစက်သွေးက စောင့်နေသည်။
" အန်တီရယ် သမီးထပ်လည်ချင်သေးတာကို မပြန်ချင်သေးဘူး "
ပျိုဖြူက စူပုတ်ကာပြောလေသည်။
" သမီးရယ် ကျောင်းပိတ်တဲ့အခါကျရင် ပြန်လာပေါ့ "
ဒေါ်ခင်နုလည်း သွက်သွက်လက်လက်ရှိတဲ့ ပျိုဖြူလေးကို သမီးအရင်းကဲ့သို့ အတော်ပင်ခင်တွယ်နေပြီ ဖြစ်သည်။
" သမီးသွားတော့မယ် အန်တီ "
" အေးအေး ဂရုစိုက်သွားအုံး "
စက်သွေးနဲ့ပျိုဖြူတို့ ကားမောင်းကာ ထွက်လာလိုက်သည်။ လေယာဉ်းကွင်းရောက်တော့ နွယ်လေးတို့က ရောက်နှင့်နေပြီ ဖြစ်သည်။
" မင်းတို့က အစောကြီးလာကြတာလား "
" စက်သွေးရယ် စည်သူလေ ဖင်တကြွကြွဖြစ်နေတာ လေယာဉ် မစီးဖူးတာကျလို့ "
နွယ်လေးက စည်သူကို မျက်စောင်းထိုးရင်းပြောတော့ စည်သူကရယ်နေလေသည်။ စည်သူက စက်သွေး အရပ် နီးပါးမြင့်သည်။ ခန္ဓာကိုယ်က တဖြောင့်တည်းမို့ ကြည့်ကောင်းသည်။ ခပ်တည်တည်မနေတတ်ဘဲ အမြဲပြုံးရွှင်နေသူတစ်ယောက်ဖြစ်သည်။
" ဖြစ်ရမယ် ပျိုဖြူကိုသေချာဂရုစိုက်နော် ဘာသတင်းမှမကြားရစေနဲ့ "
YOU ARE READING
Love Sick
Ficción General.......မင်းညတိုင်း ငါ့ကို ခိုးနမ်းနေတာဘဲ ခွင့်တောင်းဖူးလို့လား...... 👨❤️👨 #အလွန်ရိုးရှင်းလွန်းတဲ့ Fic လေးပါ✌ အပျော်တမ်းဖတ်ဖို့☺