part-24 U+Z

1.1K 71 0
                                    

စက်သွေး သတိမရသေးတာ သုံးရက်ရှိပြီဖြစ်သည်။ ဒီသုံးရက်အတွင်း တရားစွဲတဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့သည်။ တရားခံ ဉီးမိုးညိုရော သူ့တပည့်တွေပါ ထောင်ဒဏ်ကျသည်။ ခေတ်သစ် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ဉီးမိုးညို၏ ရှယ်ယာတွေပါ နှုတ်ခိုင်းလိုက်သည်။

ခေတ်သစ်က အလုပ်လုပ်သည့်နေရာမှာ ပြတ်သားသည်။ အရင်တခါ ကိစ္စကသာ ရန်ငြိုးရှည်မှာကြောင့်ရော ပြဿနာက နှစ်ကြာနေပြီမို့ အစကနေ ပြန်မဆွဲထုတ် ချင်တာရောမို့ ခွင့်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ခေတ်သစ် စက်သွေးကို ကြည့်နေတုန်း မျက်လုံးတွေပွင့်လာတာမို့ ဝမ်းသာသွားသည်။

" စက်သွေး သတိရလာပြီလား ငါဆရာဝန်သွားခေါ်လိုက်အုံးမယ် ခဏနေအုံး "

". ...."

ခဏကြာတော့ ခေတ်သစ်က ဆရာဝန်နဲ့အတူ အခန်းထဲဝင်လာခဲ့သည်။ ဆရာဝန်က စမ်းသပ်ပြီးတော့ နောက်နှစ်ရက်နေမှ ဆင်းရန်ပြောသည်။

ဆရာဝန်ထွက်သွားပြီ မကြာခင်မှာ ဇာတ်လမ်းကစလေတော့သည်။ စက်သွေး နောက်ကိုမှီလို့ရစေရန် ကျောအောက်မှာ ခေါင်းအုံးနှစ်ဆင့်ခံပေးလိုက်သည်။

စက်သွေးက သူ့ကို ရုတ်တရက် မျက်လုံး စိမ်းကြီးနဲ့ ကြည့်နေသည်။

" ဒါနဲ့မင်းကဘယ်သူလဲ "

ခေတ်သစ် ခဏတော့ မှင်တက်မိသွားသေးသည်။
နောက်မှ တစ်ခုခုကို သတိရဟန်နှင့်...

" မင်းလား ငါ့ကိုမသိတာ "

ပါးစပ်ကလည်း ပြောရင်း လက်သီးက စက်သွေးဗိုက်ပေါ်သို့ကျရောက်သွားလေသည်။

" အား...ခေတ်သစ်ရာ မင်း လုပ်လိုက်ရင် အရမ်း အရမ်းဘဲ ဒါလေးစတာကို... "

" နောက်တစ်ခါဆို သေဖို့သာပြင် "

ခေတ်သစ်က လက်သီးထောင်ပြလေသည်။

" မင်းသတိမရတာ သုံးရက်ရှိပြီလေ.... စ-မယ်ဆိုလည်း မျက်နှာပိုး အရင်သတ်အုံး "

စက်သွေး သဘောကျစွာပြုံးနေမိသည်။

" ဒါနဲ့ ငါသတိမေ့နေတဲ့ ရက်တွေမှာ မင်းငါ့ကို ခိုးနမ်းသေးတာလား "

 Love SickWhere stories live. Discover now