part-23 U+Z

1K 76 9
                                    

" ဒါဆို မင်းက အိမ်မပြန်ရသေးဘူးပေါ့ "

" အင်း ငါဒီတန်းလာခဲ့တာ မင်းဒီရောက်နေမယ်ဆိုတာ ငါသိလို့ "

" ဘယ်လိုသိလဲ "

" ငါမင်းကို ဒီတိုင်းလွှတ်ထားတယ်ထင်လို့လား "

" ဘယ်လို "

" ငါလန်ဒန်မှနေတည်းက မင်းအကြောင်းတွေ အမြဲစုံစမ်းနေခဲ့တာ "

". .."

" ပြီးတော့ဒီနေ့က company နှစ်ပတ်လည်မို့မင်းလာမယ်ဆိုတာသိတာ "

ညနေစောင်းနေပြီမို့ ခေတ်သစ်ကိုနှုတ်ဆက်ကာအိမ်သို့ပြန်လာခဲ့သည်။ ထိုနေ့ကသူတို့စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြသည်။

စက်သွေး လေယာ​ဉ်ကွင်းကနေ Taxi ငှားပြန်လာတာမို့ ကားမပါခဲ့ပေ။ ခေတ်သစ်တို့ ဟိုတယ်က ကားကို မောင်းကာ ပြန်ခဲ့လိုက်သည်။

......

ရန်ကုန်မြို့အိမ်က ဧည့်ခန်းတစ်ခုတွင်...

တီ...

" Hello "

" ဆရာ ခေတ်သစ်က တောင်ပေါ်ကို မနေ့ကရောက်လာတယ်တဲ့ဆရာ အဲဒိမှာ ကျွန်တော့ တပည့်တစ်ယောက်ရှိတယ် သူဖုန်းဆက်တာ "

" ခုရော အခြေအနေဘယ်လိုရှိတဲ့လဲ "

" မနက်က ဟိုတယ်နှစ်ပတ်လည်ပွဲ လုပ်ကြတယ်တဲ့ ဆရာ "

" အင်း အဲ့ကိစ္စကို ဒီနေ့အဆုံးသတ်လိုက်တော့ "

" ဟုတ်ကဲ့ဆရာ "

တီ...

ကလျာက ဧည့်ခန်းအဝင်ဝမှာ ရှိနေတာမို့ ဉီးမိုးညို ဖုန်းပြောသံကို အထင်းသားကြားနေရသည်။

* ဘယ်ကိစ္စကို အဆုံးသတ်ခိုင်းတာလဲ * ကလျာစဉ်းစားနေမိသည်။ သူ့အဖေမြင်မည်စိုးသောကြောင့် အသာလေး လှည့်ထွက်လာခဲ့သည်။

....

စက်သွေး သူ့ကားနောက်က ကားတစ်စီး လိုက်လာမှန်း ရိပ်မိသည်။ အိမ်က မြို့စွန်မှာမို့ ဟိုတယ်နဲ့ အလှမ်းဝေးသည်။ လမ်းဆုံကျော်ပြီးတော့ သူ့နောက်လိုက်လာတဲ့ ကားက မရှိတော့ပေ။

စက်သွေးလည်း မပြင်းသောအရှိန်နှုန်းနှင့် စီးလာခဲ့သည်။ ရုတ်တရက် သူ့ရှေ့တည့်တည့်ကို ကားတစ်စီးရောက်လာသည်။ ထိုကားက သူ့လမ်းကို ကျော်ကာ မိမိလမ်းဘက် ရောက်လာတာမို့ စက်သွေး ညာဘက်ကို ရှောင်လိုက်သည်။

 Love SickWhere stories live. Discover now