part-20 U+Z

1K 72 12
                                    

ခေတ်သစ်နိုးလာတော့ ခါးကနေတင်းကြပ်စွာဖက်ခံထားရသည်။ ရုန်းလေ ကြပ်လေမို့ အသာလေးငြိမ်ပြီး စက်သွေးနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ကိုယ်ကို လှည့်လိုက်သည်။

မျက်နှာနှစ်ခုက နီးနေတာမို့ ဖြောင့်စင်းနေတဲ့ မျက်တောင်မွှေး တွေကို အတိုင်းသားမြင်နေရသည်။ အခန်းကတိတ်ဆိတ်နေတာမို့ အသက်ရှူသံကအစ ရှင်းရှင်းလင်းလင်းကြားနေရသည်။

" ကြည့်လို့ဝပြီလား "

စက်သွေး မျက်လုံးဖွင့်လာပြီး ရယ်ကျဲကျဲနဲ့ မေးလာသည်။ ခေတ်သစ်လည်း ခပ်ပြုံးပြုံးနဲ့ စက်သွေးဗိုက်ကိုထိုးချလိုက်သည်။

" အား....ခေတ်သစ် အရမ်းအရမ်းဘဲကွာ မင်း..."

စက်သွေးသူ့ဗိုက်ကိုဖိကာ အော်နေလေသည်။ ခေတ်သစ်လည်း သူ့လက်ကလွတ်တာနဲ့ ထပြီးရေချိုးခန်းထဲဝင်သွားလေသည်။ သူရေချိုးခန်းထဲက ထွက်လာသည်အထိ စက်သွေးကမထသေးပေ။

" ရေမချိုးသေးဘူးလား နောက်ကိုသောက်လာရင် အပြင်မှာအိပ်... "

စက်သွေးငေါက်ခနဲ ထထိုင်ပြီး ခေတ်သစ်ကို ဆွဲကာ ရင်ခွင်ထဲထည့်ထားပြီး ခေတ်သစ် ပုခုံးပေါ်သူ့ခေါင်းတင်ထားလိုက်သည်။

". .မင်း..."

" ငါညကပြောတာတေကတကယ်နော် ခေတ်သစ် ငါမင်းကိုတကယ်ချစ်တာ ချစ်တာကို ဖွဲ့ဖွဲ့နွဲ့နွဲ့တော့ မပြောတတ်ဘူး.."

". ..."

" ငါ့ကိုအဖြေမပေးတော့ဘူးလား ဒီတိုင်းငြိမ်နေတော့မှာလား "

" မင်း...ဖယ်စမ်းပါ နံစော်နေတာဘဲ သွားရေချိုး "

စက်သွေး ခေတ်သစ်ကိုလွှတ်ပေးလိုက်ပြီးတော့ ရေချိုးခန်းကို ဝင်လာခဲ့လိုက်သည်။ ခေတ်သစ်လည်း အတွေးတစ်ချို့ကို ခါထုတ်ရင်း မနက်စာစားဖို့တွက် ထမင်းစားခန်းထဲ ဝင်လာခဲ့သည်။

ခဏကြာတော့စက်သွေးပါရောက်လာသည်။ ခေတ်သစ်က ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်ကိုစားနေသည်။ စက်သွေးလည်း ကော်ဖီဖျော်ကာ စားပွဲတွင် ဝင်ထိုင်လိုက်သည်။

" မင်း.. ဒါနဲ့ဝရဲ့လား "

" ဝတယ် "

" ခဏနေ ငါတို့ စည်သူနဲ့ မင်းကိစ္စပြောရအောင်လေ "

 Love SickWhere stories live. Discover now