part-21 U+Z

1K 69 4
                                    

ခေတ်သစ်မနေ့တည်းက ငြိမ်နေမှန်း စက်သွေး သတိထားမိသည်။ တစ်ခုခုကို လေးလေးနက်နက်တွေးနေတဲ့ ဟန်နဲ့ ငိုင်နေတတ်သည်။

" ငါအပြင်သွားမှာ လိုက်အုံးမှာလား ".

" မလိုက်တော့ဘူး "

" ငါညကျ အိမ်ပြန်နောက်ကျမှာ "

" အင်း "

စက်သွေး အပေါ်ထပ်အိမ်ကျီယူကာ ထွက်လာလိုက်သည်။

စက်သွေးသွားပြီးတော့ ခေတ်သစ်လည်း Taxi ငှားကာ လေယာဉ်ကွင်းကို ထွက်လာလိုက်သည်။ Flight ချိန်အကိုက်ရောက်တာမို့ သူရောက်ပြီး မကြာမီပင် လေယာဉ်ကထွက်တော့သည်။

......

စက်သွေး တခြားကိစ္စလေးတွေရော ရှိသေးတာမို့စောစော ထွက်လာလိုက်သည်။ သစ် ရောင်းဝယ်ရေးကိစ္စက အနည်းငယ်ညှိနေရသေးတာမို့ အချိန်ကြာသွားသည်။

ဘားကိုလည်း မရောက်တာကြာပြီမို့ သွားရသေးသည်။ တချို့စာရင်းတွေ စစ်ရင်းနဲ့ ညဉ့်နက်သွားတာမို့ အိမ်မပြန်ဘဲ ဘားမှာဘဲ ညအိပ်လိုက်သည်။

မနက်အိမ်ပြန်ရောက်တော့ ခေတ်သစ်ကအိမ်မှာ မရှိတော့ပေ။ တအိမ်လုံး တိတ်ဆိတ်နေတာမို့ သူပြန်သွားပြီမှန်းသိလိုက်သည်။

တီ....

" Hello "

" စည်သူလား ခေတ်သစ်အိမ်ပြန်သွားတယ် မနေ့တည်းကပြန်သွားတာထင်တယ် ခုသူအိမ်ကိုရောက်လောက်ပြီး မင်းလိုက်သွားစမ်းပါ သူ့ပုံစံကမင်းသိတဲ့တိုင်း ပြဿနာတွေကို ပြန်ရှင်းပြနေမှာမဟုတ်ဘူး "

" အေးအေး ငါသွားလိုက်မယ် "

စည်သူက သူသိပြီးပြီဆိုတဲ့ ပုံစံနဲ့ပြောနေတာမို့ စက်သွေး သံသယဝင်သွားသည်။

" အပြန်လက်မှတ်ကို မင်းဖြတ်ပေးလိုက်တာလို့တော့မပြောနဲ့နော် "

" အင်း ငါ့ကို သူ့ညီမနဲ့ ကိုင်ပြီးခြိမ်းခြောက်နေတာကွာ ဒါကြောင့် ဖြတ်ပေးလိုက်ရတာ "

" ငါ့ကိုကြိုပြောရင် ရတာဘဲ "

" သူကမင်းကို ပေးမသိစေချင်ဘူးဟေ့ "

" အေးပါကွာ မင်းသွားဖြစ်အောင်သွားလိုက်နော်... ဒါဘဲ "

စက်သွေးဖုန်းချပြီးတော့ ခေတ်သစ်အကြောင်းတွေးကာ စိတ်ပူနေမိသည်။

 Love SickWhere stories live. Discover now