part-16 U+Z

1K 70 14
                                    

# Shopping centre တစ်ခုတွင်

" ကို...ဒါလှလား "

ရွှေရောင်ဂါဝန် ကိုယ်ကျပ်လေးဖြစ်သည်။ ပျိုဖြူက ငါးရံ့ကိုယ်လုံးလေးမို့ ဘာဝတ်ဝတ်လှသည်။

" လှတယ် ဖြူလေး ထပ်ဝယ်အုံးမလို့လား ဒီပွဲအတွက်ကိုများနေပြီနော် "

" အိမ်ကအိမ်ကျီတွေထက် ဒါကပိုလှလို့ပေါ့ "

" သဘော သဘော.... "

" ဘာလဲ စိတ်မရှည်တာလား... ဒါဆိုလဲမကြည့်တော့ဘူးသွားမယ် "

ပျိုဖြူရှေ့ကနေ ဆောင့်အောင့်ကာထွက်သွားလေသည်။

စည်သူလည်း နောက်ကနေ ခပ်သုတ်သုတ်လိုက်ခဲ့ရသည်။

Wedding တွက်လိုအပ်တာ လာဝယ်ကြခြင်းဖြစ်သည်။ တမြန်နေ့ကမှ ခေတ်သစ်တို့နဲ့အတူတူ ဆိုင်မှာ ဝတ်စုံသွားရွေးထားကြသည်။

ပျိုဖြူက မရင့်ကျက်သေးပေ။ ဒါကြောင့် သူ့မျက်လုံးရှေ့ လှသည့်ပစ္စည်းဟူသမျှ ရချင်နေတော့သည်။ ခုလည်း အိမ်မှာဝယ်ပြီးသား ရှိရဲ့သားနဲ့ နောက်တစ်ထည်ရချင်နေသည်။

KFC ဆိုင်ရောက်တော့ သူတို့ ခဏဝင်ထိုင်ကြသည်။

" ဘာလိုလိုနဲ့ ကိုယ်တို့ ရည်းစားဖြစ်တာ တစ်နှစ်ပြည့်တော့မှာနော် "

" ဘာတစ်နှစ်လဲ မသိဘူး သွား ဘာမှလာမပြောနဲ့ "

" ဖြူလေးကလည်းကွာ စိတ်ဆိုးစရာလည်းမဟုတ်ဘဲနဲ့ "

.....

" ဒါနဲ့ စက်သွေးတို့မိသားစုရောလာမှာလား "

" အန်တီနုတော့ဖုန်းဆက်ထားတယ် လာမှာတဲ့ ကိုစက်သွေးရောလို့ မေးတော့မသိသေးဘူးတဲ့ "

" အဲဒိကောင် ဒီနှစ်တွေမှာဘယ်တွေရောက်နေလဲမသိဘူး အဆက်အသွယ်လည်းမရဘူး "

စည်သူတို့စားသောက်ပြီးတော့ အိမ်ပြန်လာခဲ့ကြသည်။

....

" ခင်နု လေယာဉ်လက်မှတ်က မနက်ဖြန်မို့လား "

" ဟုတ်တယ်ကိုငြိမ်း မဂ်လာပွဲက သန်ဘက်ခါလေ "

" အေးကွာ သားရောဘယ်လိုနေလဲမသိဘူး အဆက်အသွယ်မလုပ်တာ တော်တော်ကြာနေပြီ "

 Love SickWhere stories live. Discover now