part-17 U+Z

1K 72 11
                                    

မဂ်လာပွဲတွင် သတို့သားပျောက်နေ၍ ပျာယာခတ်နေကြသည်။ ဦးအောင်းမင်းသည်လည်း ဒေါသတထောင်းထောင်းနဲ့ စိတ်တိုနေလေသည်။ ဘယ်သူမှ မ-စရဲအောင် ဖြစ်နေကြသည်။

ဉီးမင်းငြိမ်းတို့ကလည်း ဘာပြောရလို့ ပြောရမှန်းမသိဖြစ်နေသည်။ မဂ်လာချိန်ကျော်သွားပြီဖြစ်၍ တချို့ကပြန်ကုန်ကြသည်။ သတို့သမီးလည်း မျက်စိပျက် မျက်နှာပျက်ကာ အဝတ်လဲခန်းမှ ထွက်မလာရဲအောင်ပင်ဖြစ်နေသည်။

နောက်ဆုံး သတို့သားနဲ့ အဆက်အသွယ်မရတာရော ရှာမရတာရော ကြောင့် မဂ်လာပွဲဖျက်လိုက်ရတော့သည်။

.....

စက်သွေး မီးပွိုင့်မိနေတုန်း ခေတ်သစ်ကားကို မြင်တာကြောင့် အောက်ဆင်းလမ်းလျှောက်လာခဲ့သည်။ သူ့ကားနဲ့ခေတ်သစ်ကားက တော်တော်လေး လှမ်းတာကြောင့် ခပ်သွက်သွက်သွားလိုက်သည်။

သို့ပေမဲ့ သူမရောက်ခင်မှာပင် ကားနားကို လူတယောက် ရောက်လာပြီး ခေတ်သစ်ကိုခေါ်ထုတ် သွားလေသည်။ စက်သွေးလည်း ထို့လူနောက်အမြန်ပြေးလိုက်လာခဲ့သည်။

မီးစိမ်းသွား၍ မျက်ခြေပြတ်သွားသေးသည်။ လူသုံးလေးယောက် ခေတ်သစ်ကို သယ်ကာ ကားထဲ ထည့်ပြီး လာရာလမ်းသို့ပြန်လှည့်သွားကြသည်။ လူအစုလိုက်နဲ့မို့ စက်သွေး ပြန်ပြီး ခြေရာခံမိတာဖြစ်သည်။

စက်သွေး ထိုကားနောက်သို့ လိုက်လာခဲ့သည်။ ကားနံပါတ်မှတ်ထားပြီး ရဲကိုဖုန်းဆက်အကြောင်းကြား လိုက်သည်။ နောက်က ကားပါလာမှန်း သိ၍ထင်သည် ရှေ့ကကားက အရင်ထက်နှစ်ဆပိုမြန်လာသည်။

စက်သွေးလည်း သူတို့ထက် မြန်အောင်စီးကာ ကားရှေ့ ပိတ်ရပ်လိုက်သည်။ ထိုအခါမှ ကားထဲက လူလေးယောက်လုံး ထွက်လာကြလေသည်။

" မင်းက ဘာကိစ္စ ငါတို့လာနှောင့်ယှက်နေတာလဲ "

" မင်းတို့ ဖမ်းသွားတဲ့လူက ငါ့လူ... မင်းတို့ကို ဘယ်သူကခိုင်းတာလဲ "

စက်သွေး ကားခေါင်းထိပ်ကို မှီကာ ဂရုမစိုက်တဲ့လေသံနဲ့ပြောလိုက်သည်။

" ဘယ်သူခိုင်းခိုင်း မင်းကိစ္စ မဟုတ်ဘူး ငါတို့ကားရှေ့ကဖယ် "

 Love SickWhere stories live. Discover now