FINAL PART U+Z

2.2K 92 21
                                    

" အချိန်နှင့် ဒီရေသည် လူကိုမစောင့် " ဆိုသည့်အတိုင်းပင် ရာသီတွေ အလီအလီပြောင်းလဲခဲ့လေပြီ။ အခုဆို စက်သွေးတို့နှစ်ယောက် ချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။

Anniversary နေ့လေးကို အမှတ်တရ ဖြစ်စေရန် ထိုနေ့ကို နှစ်ဉီးသဘောတူ မဂ်လာပွဲနေ့အဖြစ် သတ်မှတ်လိုက်ကြသည်။ မဂ်လာပွဲကို ကလောမှာဘဲ ကိုယ့်မိတ်ဆွေ လူနည်းစုနှင့်သာ အကျဉ်းချုံးကာ Dinner ပွဲလေးတစ်ခုဘဲ လုပ်လိုက်သည်။

ခေတ်သစ်၏ မိဘများကို အသိပေးစဉ်က ခေတ်သစ်အဖေက သဘောမတူ၍ အတော်ပင် အခက်တွေ့ခဲ့ရသေးသည်။ စက်သွေးမိဘတွေ၏ ဖျောင်းဖျ မှုကြောင့်သာ သူတို့ခရီးလမ်းလေး ဖြောင့်ဖြူးခဲ့ရခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်၏ နေရပ်ဒေသ ကွာဟမှုကြောင့် အမြဲတမ်း မတွေ့ရပေ။ တစ်လတစ်ခါ သို့မဟုတ်ရင် သူတို့အလုပ်ကိစ္စကြောင့် ခရီးလမ်းသင့်တဲ့လအခါမှသာ တွေ့ရတတ်သည်။ နှစ်ယောက်လုံးက အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမို့ အလုပ်အားနေတဲ့ အချိန်က ရှားပါးသည်။

စက်သွေး၏ ဝိုင်ချက်စက်ရုံ မှာလည်းပုံမှန် လည်ပတ်နေပြီ ဖြစ်သည်။ အဆက်အသွယ်ရှိပြီးသားမို့ နိုင်ငံခြားသို့ တိုက်ရိုက် တင်ပို့ရာတွင် အဆင်ပြေသည်။ ပြည်တွင်းမှာသာမက ပြည်ပထိပါ တင်သွင်းနိုင်သည်မို့ စက်သွေး၏ စက်ရုံကို လူသိများသည်။

......

#ညနေခင်း Dinner ပွဲတစ်ခုတွင်

Dinner ပွဲကို ခေတ်သစ်၏ ဟိုတယ်မှာဘဲ ကျင်းပဖြစ်သည်။

မီးရောင်စုံတွေနဲ့ ညနေခင်းရှုခင်းက အလွန်လှနေသည်။

လူအနည်းအကျဉ်းသာ ဖိတ်ထားတာမို့ လူတော်တော် စုံနေပြီဖြစ်သည်။ လန်ဒန်က စက်သွေး၏ မိတ်ဆွေ တစ်ချို့လည်းလာကြသည်။

နှစ်ဖက်မိဘတွေ ဆွေမျိုး တွေစုံနေပြီမို့ မဂ်လာ သတင်း ကြေညာကာ သတို့သားနှစ်ယောက်ကို ချီးမွမ်းထောပနာပြုကြသည်။

စက်သွေးတို့လည်း မိတ်ဆွေ သူငယ်ချင်းများကိုလိုက်လံနှုတ်ဆက်နေကြသည်။ ကိုယ့်သူငယ်ချင်း သူ့သူငယ်ချင်း လိုက်နှုတ်ဆက်နေကြသည်မို့ နှစ်ယောက်သား လူကွဲသွားသည်။

 Love SickWhere stories live. Discover now