part-18 U+Z

1K 74 7
                                    

စက်သွေးတို့ ညဘက်ကြီးပြန်ရောက်လာသည်။ စက်သွေး Leo ကိုဖုန်းဆက်ခေါ်ပြီး ကြိုခိုင်းရသည်။ ပင်ပန်းနေရသည့်ကြားထဲ Leo ကအမေးအမြန်းထူနေသေးသည်။

စက်သွေးအိမ်ပြန်ရောက်တော့ အိပ်ခန်းထဲတန်းဝင်ကာ အိပ်လိုက်သည်။

" စက်သွေး ငါတို့ကိစ္စမပြောတော့ဘူးလား "

" ငါအရမ်းပင်ပန်းလို့အိပ်ချင်နေပြီကွာ မနက်မှပြောရအောင် လာအိပ်တော့ "

ခေတ်သစ်လည်း စကားအများကြီးမပြောချင်တာကြောင့်ရော ပင်ပန်းနေတာကြောင့်ရောမို့ စက်သွေး ဘေးကိုဝင်လှဲကာအိပ်လိုက်တော့သည်။

....

ခေတ်သစ်နိုးလာတော့ စက်သွေးက ရေချိုးပြီးနေပြီဖြစ်သည်။

" ငါဘာဝတ်ရမှာလဲ "

" ဗီရိုထဲကကြိုက်တာယူဝတ် မင်းနဲ့ငါနဲ့ ကိုယ်လုံးသိပ်မကွာဘူး "

ခေတ်သစ် အဝတ်တွေယူပြီး ရေချိုးခန်းဘက်
ထွက်လာလိုက်သည်။ ခေတ်သစ် ရေချိုးပြီးထွက်လာတော့ စက်သွေးက ကုတင်ပေါ်ထိုင်နေလေသည်။ ခေတ်သစ်လဲ ကွန်ပျူတာစားပွဲကထိုင်ခုံပေါ်သွားထိုင်ရင်း စကားစလိုက်သည်။

" မနေ့ကဘယ်လိုဖြစ်တာလဲ "

" ငါ မနေ့က မနက်ကမှ မြန်မာပြည်ပြန်ရောက်တာ ဒီမှာနေတာ နှစ်နှစ်လောက်ရှိပြီ ..... မင်းမဂ်လာပွဲကြောင့်ငါပြန်လာတာ.... လမ်းမှာ မင်းကို ကားပေါ်မြင်လိုက်လို့ ငါမင်းဆီလာနေတုန်း လူတစ်ယောက်ရောက်လာပြီး မင်းကိုမေ့ဆေးတို့ခေါ်သွားတာ ...."

ခေတ်သစ် ငြိမ်ပြီးနားထောင်နေသည်။

" အဲဒါနဲ့ငါလည်း မင်းကိုခေါ်သွားတဲ့ကားနောက် လိုက်ပြီး မင်းကိုပြန်ခေါ်ခဲ့ရတာ "

" ငါဘယ်လိုယုံရမလဲ "

" ငါ့ဒဏ်ရာတွေကိုကြည့်လေ... "

ခေတ်သစ်ခုမှသေချာကြည့်မိသည်။ နှုတ်ခမ်းထောင့်တွေပေါက်ပြီး မျက်နှာတွေညိုမဲနေသည်။ အသားညိုတာမို့ သိပ်မသိသာပေ။ တချို့ဒဏ်ရာတွေကတော့ သက်သာနေပြီဖြစ်ပြီ။

" မင်းမှာ ရန်သူတွေရှိသေးတာလား... မင်းကိုဖမ်းခေါ်လာတာ လူလေးယောက် ငါရဲလက်ထဲအပ်ထားခဲ့တယ် .."

 Love SickWhere stories live. Discover now