🍂1🍂

10.1K 431 10
                                    

Unicode

27.10.2020

Joseonခေတ်~~~~
Jeon Shi Hyukဘုရင်မင်းမြတ် အုပ်စိုးတဲ့ နိုင်ငံတော်သည်... အစာရေစာပေါကြွယ်ဝပြီး သာယာဖွယ်ရှိပေမယ့်.. တကယ်တမ်းကျ မသာယာပါ....

နန်းတွင်းထဲ၌လဲ အမြဲ.. လုပ်ကြံသူခဏခဏပေါ်လာတတ်ပြီး.. ဘုရင်မင်းမြတ်အား.. ကြံစည်မှုတွေ မကြာခဏရှိတတ်သည်.. သို့သော်.. ထိုအကြံအစည်တွေက အောင်မြင်မှုတော့မရှိခဲ့.... အကြောင်းက.. ဘုရင့် ကိုယ်ရံတော်.. Min ကြောင့်ပင်....

ထို့ပြင် နန်းတွင်းထဲသာမက. နန်းပြင်၌ရှိသော ပြည်သူလူထုကြားလဲ... ရှိသူဌေးများက မရှိဆင်းရဲသားများအား နှိမ်ချဆက်ဆံတတ်သည်.... ထိုထဲငွေတိုးချေးစားသူများလဲ ပေါသည်.. လူရမ်းကားများလဲအလွန်ပေါသည်....

ဒါတွေနေ့စဥ်ရက်ဆက်ကြုံနေရတော့ ဘုရင်Jeon shi hyukစိတ်ပင်ပန်းရသည်... ဒါ့ပြင်. မိဖုရားခေါင်ကြီးမှာလဲ.. ကိုယ်ဝန်အရင့်အမာကြီးနဲ့ပင်....
ကိုယ်ရံတော်မင်... ဒီနေ့ နတ်ဆရာမရှင်း ကိုဆင့်ခေါ်လိုက်...
အမိန့်တော်တိုင်းပါ.. မင်းကြီး...

ကဲ.. နတ်ဆရာမရှင်း... အသင်မြင်သလိုငါ့ကို
လျှောက်တင်စေ...
မှန်လှပါ... အခုမင်းကြီးကြုံနေရတဲ့ ပြသနာတွေက မိဖုရားခေါင်ကြီး... မီးဖွားပြီးရင် တဖြေးဖြေး အဆင်ပြေလာမှာပါ... နောက်ပီး မွေးဖွားလာမဲ့ ရင်သွေးငယ်ဟာလဲ... နောင်တစ်ချိန်မှာ အများပြည်သူလေးစားရတဲ့ ဘုရင်ကောင်းတစ်ယောက်ဖြစ်လာမဲ့သူပါ...
ဒါပေမဲ့....

ဒါပေမဲ့.. ဘာလဲ ဆက်လျှောက်တင်ပါနတ်ဆရာမရှင်း...
မှန်လှပါ.. မိဖုရားခေါင်ကြီးရဲ့. ဝမ်းထဲမှာရှိတာက.. တစ်ယောက်ထဲမဟုတ်ဘဲနှစ်ယောက်ဖြစ်နေကြောင်းပါ... မင်းကြီး..
ဘာ အသင်ဆိုလိုချင်တာက.
ဟုတ်ပါတယ်... အမွှာလေးပါ မင်းကြီး..

မဖြစ်ဘူး... ထုံးတမ်းစဥ်လာအရ.. အမွှာမွေးရင် တစ်ယောက်ကို မွေးမွေးပြီးချင်း အဆုံးစီရင်ရတယ်... နှစ်ယောက်ထဲက ဘုရင်ဖြစ်လာမဲ့သူကို အသင်ပြောနိုင်မလားနတ်ဆရာမရှင်း...
စိုးရွံ့မိပါတယ် မင်းကြီး အကျွန်ုပ်မပြောနိုင်ပါဘူး... နောက်ပီး.. ရင်သွေးနှစ်ယောက်မှာ. တစ်ယောက်က... အသက်၂၀ထိဘဲ အသက်ကာလရှည်ကြာပါတယ်...

"TWO OR ONE" [Uni & Zaw]Where stories live. Discover now