Unicode✨✨
Mark - ''Hello Praram ငါ့ကိုခွင့်တစ်ပတ်လောက်တိုင်ပေးပါအုံး အိမ်ပြန်မလို့''
Markရဲ့အသံကအားမရှိပဲတိုးတိုးလေးပြောနေတာမို့ နေမကောင်းဘူးဆိုတာ Praram ချက်ချင်းသိလိုက်ပါတယ်Praram - ''ဪ အေးပါ တိုင်ပေးမယ် P'Veeကိုကောပြောပြီးပြီလား''
Mark - ''မပြောရသေးဘူး Pနဲ့တွေ့ရင်ပြောလိုက်အုံးနော်''
Praram - ''အေးပါ ပြောလိုက်မယ် ဂရုစိုက်အုံး''
Mark - ''အင်း''
Praramနဲ့ဖုန်းပြောပြီး ကပ်စက္ကူလေးတစ်ရွက်ယူကာ
"Pရေခဲသေတ္တာထဲမှာစားစရာတွေပြင်ပေးထားတယ်နော် စားခံနီးကျနွေးစားရုံပဲ ကျွန်တော်တစ်ပတ်အိမ်ပြန်အုံးမယ် ဂရုစိုက်ပါ Mark''
လို့ရေးပြီး ရေခဲသေတ္တာမှာကပ်ထားလိုက်တယ်Mark - ''မင်္ဂလာပါ Mon''
ဧည့်ခန်းထဲမှာထိုင်ပြီး TVကြည့်နေတဲ့ သူတို့ရဲ့ အမေWanကို နှုတိဆက်လိုက်တယ်Mon Wanကတော့လှည့်ကြည့်ပြီး ခေါင်းတစ်ချက်ညိမ့်ပြကာ TVပဲ ဆက်ကြည့်နေတယ်
Mark - ''ကျွန်တော် နေမကောင်းလို့ ခဏပြန်လာတာပါ Pကိုအဖျားမကူးစေချင်လို့ပါ''
Mon Wan - ''Veeအတွက်စားစရာကကော''
သွေးအေးအေးနဲ့မာထန်နေတဲ့အသံနဲ့ သူစိမ်းတယောက်ကိုဆက်ဆံသလို အသံနဲ့မေးလိုက်ပါတယ်
Markအတွက် ဒီလိုအသံတွေ အကြည့်တွေနဲ့ ဆက်ဆံခံရတာ နေသားကျနေပါပြီMark - ''တစ်ပတ်စာ စားလို့ရတဲ့ ဟင်းလေးတွေရွေးပြီး ချက်ပေးထားခဲ့ပါတယ်ခင်ဗျ''
Wan ကတော့ခေါင်းညိမ့်ပြပြီး ဘာမှဆက်မပြောပေ
ထိုအချိန်မီးဖိုခန်းမှ ဒေါ်ကြီးကထွက်လာပြီးဒေါ်ကြီး - '' သားလေး Markဘာလို့ပြန်လာတာလဲ နေမကောင်းလို့လား''
ဆိုပြီး နဖူးလေးကိုပြာပြာသလဲဆန်းကြည့်ပါတော့တယ်Mark - ''ဟုတ်ကဲ့ ဒေါ်ကြီး''
လို့ပြောပြီးပြုံးပြလိုက်ပါတယ်ဒေါ်ကြီး - ''ကိုယ်တွေပူချစ်နေတာပဲ ပေးဒေါ်ကြီးသယ်ပေးမယ် အခန်းထဲနားနေနော် ခဏနေ ဆန်ပြုတ်လာပေးမယ်''
Mark - ''ဟုတ်ကဲ့ခင်ဗျ''
အိမ်ပေါ်ထပ်က Veeအခန်းနဲ့ တွဲလျက်အခန်းက သူ့အခန်းလေးဆီကိုဝင်သွားပြီး ခဏမှေးနေပါတော့တယ်
YOU ARE READING
Crazy Love
RomanceVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...