Part (3)

66 14 2
                                    

Unicode✨✨

Veeခြံတံခါးကို အတင်းဖွင့်ပြီးအိမ်ထဲပြေးဝင်လာတာကြောင့်
ဒေါ်ကြီးမှာအလန့်တကြားဖြစ်ကာမီးဖိုချောင်ထဲကမြန်မြန်ထွက်ကြည့်လိုက်တော့
အခန်းတိုင်းနေရာတိုင်းကို ''Markမင်းဘယ်မှာလဲ Mark Mark''လို့အော်ပြီး
ပြာပြာသလဲလိုက်ရှာနေတဲ့
Veeကိုမြင်တော့ လက်ပိုက်ပြီးပဲကြည့်နေပါတော့တယ်
Mark ဖျားလို့ပြန်လာတယ်ဆိုတာကို
အခုမှသိပုံပေါ်ပါတယ်
ကျောင်းဝတ်စုံတောင်မလဲပဲ ရောက်ချလာတာကြောင့် ဒေါ်ကြီးမှာမပြောပြပဲသိလိုက်ပါပြီ
Markအနားက အသိမပေးပဲပျောက်သွားတဲ့အချိန် ဖျားတဲ့အချိန်တွေဆို
ဒီလိုပြာပြာသလဲဖြစ်နေကြမို့ ဒေါ်ကြီးက နေသားကျနေပါပြီ

Markကိုမတွေ့တာကြောင့် ငြိမ်သွားကာ ဒေါ်ကြီးဘက်လှည့်ကြည့်တော့မှ

ဒေါ်ကြီး - ''Mark ကခဏနေ
ပြန်မှာမို့ လိုအပ်တာလေးတွေသွားဝယ်နေတာကွဲ့''

Veeလဲ ဒေါ်ကြီးဆီက စကားကြားမှစိတ်သက်သာရာရပါတော့တယ်
Mark ပြန်အလာကို ဧည့်ခန်းမှာစောင့်နေပါရင်း ထိုင်လိုက်ထလိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတာကို ကြည့်ပြီး
ဒေါ်ကြီးမှာ သက်ပြင်းတွေချမိပါတော့တယ်

ခဏအကြာခြံတခါးဖွင့်သံကြားတာကြောင့် Veeထလိုက်ပြီး

Mark - ''ဒေါ်ကြီး ကျွန်......''
Veeပြေးဖက်လိုက်တာ​ကြောင့် Markမှာစကားဆုံးအောင်ပင်မပြောနိုင်

Vee - ''Markမင်းသက်သာလား ဆေးကောသောက်လား အစားကောစားလား ဘလိုနေသေးလဲ အဆင်ပြေရဲ့လား''
Markကိုတင်းနေအောင်ဖက်ထားတာကို မလွှတ်ပဲ မေးခွန်းတွေတရစပ် မေးနေပါတော့တယ်

Mark - ''Pကျွန်တော့်ကို အရင်လွှတ်ပါအုံး အသက်ရှုကြပ်လာပြီ''

Markပြောမှ Veeလဲဘလောက်တောင်တင်းကျပ်အောင်ဖက်မိနေလဲဆိုတာ အသိပြန်ဝင်ပြီးလွှတ်လိုက်ပါတယ်

Mark - ''ကျွန်တော်ဖျားတာ ၂ပတ်တောင်ပြည့်တော့မယ် အခုမှ''
လို့ပြောရင်း နှုတ်ခမ်းဆူကာဟိုဘက်လှည့်သွားပါတယ်

Vee - ''မင်းကပြောမှမပြောပြတာ ဟိုကောင်တွေကလဲ ပြောဖို့မေ့နေတာလေ ဒီနေ့မှ Praramနဲ့တွေ့လို့ သူကမင်းသက်သာလားလို့မေးမှ မင်းနေမကောင်းမှန်းသိရတာ သိသိချင်းကိုလိုက်လာတာ''

Crazy LoveWhere stories live. Discover now