Part (8) - 1

81 14 4
                                    

Unicode✨✨

Mark Pov

P'Vee နဲ့ဘာမှမပတ်သက်တဲ့ သူစိမ်းညီအကိုတွေပဲဆိုတာကို သိရတော့ ကျွန်တော်အတော်လေးဝမ်းသာမိပါတယ်
ဒါပေမယ့် P'Vee ကကျွန်တော့်ကို အငယ်လေးကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့ကြတဲ့ ပါးနဲ့မားရဲ့သားဆိုတော့ ကျွန်တော့်ကျေးဇူးရှင်ပဲမို့ Pကိုဆက်ချစ်ဖို့ တွန့်ဆုတ်နေမိတယ်
ပြီးတော့ P ကျွန်တော့်အပေါ် ညီတ​စ်ယောက်ထက်ပိုပါ့မလား
ကျွန်တော်ဖွင့်ပြောလိုက်ရင် ကျွန်တော့်ကိုမုန်းသွားမှာ ကြောက်နေမိတယ်

📱Ring.......📱

ဖုန်းလာတာမို့ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ အချစ်ရဆုံးသူငယ်ချင်းလေး Praram ဖြစ်နေတာမို့ ဖုန်းကိုင်လိုက်တယ်

Praram - ''DNA စစ်ဖို့ လိုအပ်တာတွေရလာလား''📱

Mark - ''အဲ့တာတွေမလိုတော့ပါဘူးကွာ''📱

Praram - ''ဟမ် မင်းPကိုမကြိုက်တော့ဘူးလား''📱

Mark - ''ငါ P ကိုကြိုက်တာထက်ပိုပြီး ချစ်နေမိတာ''📱

Praram - ''အဲ့ဆိုဘာလို့လဲ''📱

Mark - ''စ​နေနေ့ကငါ့အဖွားနှစ်ပတ်လည်ရှိလို့ သောကြာနေ့ကတည်းကပြန်သွားတာလေ''📱

Praram - ''အေး အဲ့ဒါသိတယ်လေ''📱

Mark - ''************''📱
ကျွန်တော်ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြလိုက်ပါတော့တယ်

Praram - ''မင်းအခုကွန်ဒိုမှာပဲမလား ငါလာခဲ့မယ်''📱
လို့ပြောပြီး​ဖုန်းချသွားပါတယ်

ကျွန်တော်အတန်းတက်ချင်စိတ်မရှိသေးတာကြောင့် ကွန်ဒိုမှာပဲ နေနေလိုက်တယ်
P လဲအစကကျွန်တော့်ကိုအဖော်လုပ်ပြီး တူတူနေပေးမယ် စီစဥ်ထားတာ
နေ့လယ်ကျတော့ P'Bar က အရေးကြီးတဲ့ project ကို ဆရာလုပ်ခိုင်းထားတာ P အပိုင်းပဲကျန်တော့တယ်တဲ့
ဒီနေ့အပြီးပေးရမှာမို့တဲ့ သွားရတယ်
ပါးနဲ့မားရယ် P'Veeရယ်ကို ပြောပြလို့မရတဲ့အကြောင်းတွေဆို Praram ကိုပြောပြပြီး အကြံဉာဏ်တောင်းနေကြ သူကလဲအကောင်းဆုံး အကြံပေးပါတယ်
5မိနစ်တောင်မကြာ ရောက်လာပါတယ် ကျွန်တော် Praram ကိုတွေ့တော့ ငိုချင်စိတ်ကိုမထိန်းနိုင်တော့တာကြောင့် သူ့ကိုဖက်ပြီးငိုနေမိတယ်

Crazy LoveWhere stories live. Discover now