Unicode✨✨
-Mark Masa-
ကျွန်တော့်နိုးလာတော့ ကျွန်တော့်ရဲ့အောက်ပိုင်းကအရမ်းကိုနာနေတာ လူလဲခွေကျမတတ်အားမရှိတော့သလိုခံစားရတယ် ခေါင်းတွေလဲကိုက်နေတယ် ကျွန်တော်တစ်ဖက်ကိုလှည့်လိုက်တော့ ကျွန်တော့်ကုတင်ကရှိနေတယ် အဲ့ဆိုအခုကျွန်တော်အိပ်နေတာက ကျွန်တော်တွေးရင်းထကြည့်လိုက်တော့ P'Vee ကုတင်ပေါ်ဖြစ်နေတယ် တီရှပ်လေးနဲ့ ပေါင်လောက်ဘောင်းဘီက ကျွန်တော့်ကိုယ်ပေါ်မှာနေရာယူထားတယ် မနေ့ကျွန်တော်ဝတ်တာက အပြာနုရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီပါ ကျွန်တော်မနေ့ညကအကြောင်းတွေပြန်စဥ်းစားမိပြီးသတိရတော့ ကျွန်တော့်မျက်နှာတွေပူထူလာတော့တာပဲ P နဲ့ ကျွန်တော်က.... အာ......ကျွန်တော်ရှက်လွန်းလို့ကျွန်တော့်မျက်နှာကိုဘယ်နားဖွက်ထားရမှန်းမသိတော့ဘူး P ကကျွန်တော့်ကိုအရမ်းသဘောကျတာတဲ့ P အသံလေးပြန်ကြားယောင်မိတော့ ရှက်ပေမယ့် ပျော်မိတယ် ကျွန်တော့်မှာမျှော်လင့်ချက်မရှိဘူးထင်ထားတာ ပြီးတော့ P ကကျွန်တော့်ကိုပိုရင်ဖွင့်ပြောတာ ဒီကမ္ဘာမှာအပျော်ဆုံးလူသားက ကျွန်တော်ဖြစ်နေသလိုခံစားရတယ် (နောက်ကျဝမ်းအနည်းဆုံးလူသားမဖြစ်ပါစေနဲ့ P'Markရယ်)
ကျွန်တော်လဲအိပ်ရာကထလိုက်ပြီး P ကိုလိုက်ရှာပေမယ့် မတွေ့တာကြောင့် ရေပိုရင်ချိုးဖို့ပြင်လိုက်တယ် ကျွန်တော်ညကနာပေမယ့် သက်တောင့်သက်သာနဲ့ အိပ်ရတာအဆင်ပြေတယ် P ကကျွန်တော့်ကိုသန့်ရှင်းရေးလုပ်ပေးထားတာကို အာ....ရှက်လိုက်တာ....ကျွန်တော်ရေချိုးရင်ညကအဖြစ်အပျက်တွေကခေါင်းထဲကမပျောက်ဘူး ကျွန်တော်အောက်ပိုင်းကအခုထိနာနေတုံးပဲ ရေချိုးခန်းထဲရောက်ဖို့ကိုတော်တော်လေးအားယူလိုက်ရတယ် ခေါင်းကိုက်နေတာကြောင့် ခေါင်းမလျှော်တော့ပဲ ရေမြန်မြန်ချိုးဖို့ပြင်လိုက်တယ် တံခါးဖွင့်သံကြားလိုက်တယ် P များလားမယ် လို့တွေးနေတုံး
Vee - ''Mark, Mark မင်းဘယ်မှာလဲ Mark''
P ကဆက်တိုက်ကိုအော်ခေါ်နေတော့တာ ကျွန်တော့်မှာ P ကိုပြန်ထူးဖို့အားအတော်ယူပြီးမှ
Mark - ''P ကျွန်တော်ရေချိုးနေတာ''
Vee - ''ဟမ် ဘာလို့ချိုးနေတာလဲ မင်းဖျားနေတာလေ''
YOU ARE READING
Crazy Love
RomanceVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...