Unicode ✨✨
- Mark Masa Pov -
P'Vee ထွက်သွားတော့ကျွန်တော်တစ်ယောက်ထဲ ကျောင်းထဲဝင်လာလိုက်ပြီး
ကျွန်တော်တို့အတန်းရှေ့မှာပဲထိုင်နေလိုက်တယ်
ဒီနေ့ကနောက်ဆုံးနေ့ဆိုတော့ တော်တော်များများကအစောလာကြတယ်
Praram ရဲ့ အင်္ကျီမှာ လက်ရေးသုံးလေးမျိုးလောက်နဲ့စာလေးတွေ လက်မှတ်လေးတွေရှိနေပြီ
သူကျွန်တော့်အနားရောက်လာပြီးPraram - ''P'Vee ကဘယ်ရောက်သွားလို့ မင်းကအတန်းရှေ့မှာ ငုတ်တုတ်ထိုင်နေရတာလဲ''
Mark - ''အရေးကြီးကိစ္စရှိလို့တဲ့ ပြန်ထွက်သွားတယ်''
Praram - ''ဪ လာ ကန်တင်းမှာသွားစောင့်ရအောင် ဗိုက်ဆာနေပြီ''
Mark - ''အင်း''
ကျွန်တော်တို့နှစ်ယောက်လဲ ကန်တင်းကိုတူတူထွက်လာခဲ့လိုက်တယ်
ကန်တင်းမှာ P'North အင်္ကျီကိုကောင်မလေးတွေကဝိုင်းပြီး စာတွေရေးနေတယ် P'North ကလဲသူတို့အင်္ကျီမှာလက်မှတ်တွေလိုက်ထိုးပေးနေရတယ်
P'Bar နဲ့ P'Gun ကတော့အပြန်အလှန်စာတွေရေး stickers တွေကပ်နေလေတယ် တခြားသူတွေလာထိမှာမကြိုက်ကြဘူးနေမှာ P'Gun ကအရမ်းသဝန်တိုတတ်တာလေ P'Bar ကသဝန်တိုရင်ထုတ်မပြောပေမယ့် မျက်နှာကြီးဆူပုပ်ပြီးဘာမှမပြောပဲနေတတ်တော့ အခုလိုအပြန်အလှန်ရေးပေးနေတာနေမှာ
P'North ကကျွန်တော်တို့လာတာမြင်တော့ပြုံးပြပြီး လက်မှတ်ဆက်ထိုးပေးနေတယ်Bar - ''N တို့လာလေ''
Mark, Praram - ''မင်္ဂလာပါ P တို့''
Bar,Gun,North - ''မင်္ဂလာပါ''
Gun - ''Vee ကောဘယ်ရောက်နေတာလဲ Mark''
Mark - ''အရေးကြီးသွားစရာပေါ်လာလို့ ပြန်သွားတယ်''
Gun - ''ဪ အင်း''
P'North ကလက်မှတ်တွေထိုးပေးပြီး ကျွန်တော်တို့နား ပြန်လာထိုင်ကာ
North - ''စားပြီးကြပြီလား ဘာမှာအုံးမလဲ''
Praram - ''ကျွန်တော်လဲလိုက်မယ်''
ကျွန်တော်တို့မှာစရာရှိတာမှာပြီး P နဲ့ Praram သွားဝယ်တာကိုစောင့်နေလိုက်တယ်
Bar - ''မင်းတို့အကြောင်းကို အိမ်ကိုပြောပြပြီးပြီလား''
Mark - ''ဟို မပြောရသေးဘူးဗျ''
KAMU SEDANG MEMBACA
Crazy Love
RomansaVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...