Unicode✨✨
Warning ပေးပါတယ်နော်
-Vee Vivis pov-
ကျွန်တော်လုပ်ရမယ့် project အပိုင်းက ညနေကတည်းကပြီးနေတာ ကွန်ဒိုကိုမပြန်ချင်သေးတာနဲ့ bar တစ်ခုမှာဝင်သောက်ဖို့ သွားလိုက်တယ် ဝီစကီပြင်းပြင်းတစ်ခွက်ကိုမှာပြီး စောင့်နေလိုက်တယ် Mark ကကျွန်တော့်ကိုစိုးမိုးထားတော့ ကျွန်တော့်သူ့အကြောင်းကိုတစ်ချိန်လုံးတွေးနေမိတာ project လုပ်တုံးကလဲ အလွဲလွဲအမှားမှားဖြစ်နေလို့ North နဲ့ Bar ကဝင်ကူပေးလို့သာ စောစောပြီးတာ ကျွန်တော်တစ်ယောက်တည်းလုပ်ရင် နက်ဖြန်ထိပြီးမှာမဟုတ်ဘူး မှာထားတဲ့ဝီစကီရတော့ သောက်ရင်းနဲ့ Mark အကြောင်းပဲစဥ်းစားနေမိပြန်ရော သူပြုံးပြနေတာလေးတွေ ကျွန်တော့်အတွက်ဟင်းချက်ပေးနေတာလေးတွေ အရမ်းကိုချစ်ဖို့ကောင်းတာပဲ ကျွန်တော်တွေးရင်းနဲ့ သူ့ကိုအရမ်းတွေ့ချင်သွားတာမို့ ဝီစကီကိုတစ်ခွက်လုံးမော့လိုက်ပြီး ပိုက်ဆံရှင်းပြီး မြန်မြန်ထွက်လာခဲ့လိုက်တယ်
ကျွန်တော်မမူးသေးဘူးနော် အဲ့ဝီစကီတစ်ခွက်လောက်ကတော့ ကျွန်တော့်အတွက် အေးဆေးပဲ ကွန်ဒိုရောက်တော့ တံခါးခေါက်မယ်အလုပ် Mark တံခါးဖွင့်လာတာတယ် သူ့မျက်နှာကတခုခုကိုစိတ်ပူနေဟန် ကျွန်တော့်ကိုတွေ့တော့ စိတ်အေးသွားတဲ့ အမူအရာတန်းပြောင်းသွားပြီး ကျွန်တော့်ကိုလဲဘာမှမမေး ဘာမှမပြောပဲ လှည့်ထွက်သွားတယ် ကျွန်တော်သူ့လက်ကို လှမ်းဆွဲလိုက်တော့ မထင်မှတ်ပဲကျွန်တော့်ရင်ခွင်ထဲရောက်လာတယ် ကျွန်တော့်နှလုံးသားလေးပြုတ်ကျသွားတော့မယ့်အတိုင်းခုန်နေတာ သူ့မျက်နှာလေးကိုစိုက်ကြည့်နေလိုက်တော့ Mark ရှက်သွားတယ်ထင်တယ် ဖွေးဖြူနေတဲ့ပါးပြင်လေးက နီမြန်းလာတယ်Mark - ''P မူးနေပြီထင်တယ် ကျွန်တော့်ကိုလွှတ်....''
Mark ရှက်နေတာလေးကို ကျွန်တော်အူးတွေယားလာတာမို့ ခွင့်မတောင်းပဲ သူ့နှုတ်ခမ်းလေးကိုနမ်းလိုက်မိတယ်
Vee - ''P သိပ်မသောက်ရသေးပါဘူး N အပေါ် P ခံစားချက်တွေကထူးဆန်းနေတယ် ညီတယောက်ထက်ပိုနေသလိုပဲ''
ကျွန်တော်အဲ့လိုပြောလိုက်တော့ Mark မျက်လုံးလေးတွေကအရောင်လက်လာပြီးပြုံးလာတယ် သူ့ကျွန်တော့်ကိုအသေသတ်နေတာလားဗျာ ကျွန်တော်လဲဒီလောက်ချစ်ဖို့ကောင်းနေတဲ့ လူသားလေးကို အခန်းထဲပွေ့ချီသွားလိုက်တော့တယ် ကျွန်တော်တို့က တစ်ခန်းတည်းတူတူနေပေမယ့် တစ်ကုတင်တည်းမှာတူတူအိပ်ကြတာမဟုတ်ဘူးလေ ကုတင်နှစ်ခုထားပြီး တစ်ယောက်စီအိပ်ကြတာ အခုတော့သူ့ကုတင်ပေါ်ပေးမအိပ်တော့ပဲ ကျွန်တော့်ကုတင်ပေါ်ကိုပဲ သာသာလေးတင်လိုက်တယ် ရှက်နေတယ်ထင်ပါရဲ့ ကျွန်တော့်ကိုမကြည့်ပဲ လှိုက်ကာတွေဘက်ကိုပဲ ကြည့်နေတာလေ ပန်းရောင်သမ်းနေတဲ့နှုတ်ခမ်းဖူးဖူးလေးကကျွန်တော့်ကိုဖိတ်ခေါ်နေသလိုပဲ အင်္ကျီအပြာနုလေးကို ရင်ဘတ်တစ်ဝက်ထိကြယ်သီးမတပ်ထားတာလေးက သူ့ရဲ့ဖြူဖွေးနေတဲ့ရင်ဘတ်ကိုအတိုင်းသားမြင်စေတယ် ကျွန်တော်စိတ်မထိန်းနိုင်တော့ဘူး ကျွန်တော်သူ့ကိုလိုချင်နေပြီ ကျွန်တော့်သူ့နမည်ကိုခေါ်ပြီး ခွင့်တောင်းတဲ့အကြည့်နဲ့ကြည့်နေလိုက်တယ်
BẠN ĐANG ĐỌC
Crazy Love
Lãng mạnVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...