Part (11) - 1

61 11 2
                                    

Unicode ✨✨

- Mark Masa Pov -

Mark - ''P ထတော့ ကျွန်တော်စျေးဝယ်စရာရှိလို့လိုက်ပို့ပေးအုံး''

ကျွန်တော်နှိုးမှ ဟိုဘက်ကို အင်း အားနဲ့လုပ်ပြီး လှည့်သွားလေတယ်

Mark - ''P ထတော့ဆို ကျွန်တော့်ဘာသာသွားရမှာလား ရတယ်လေ P'North ကို.....''

ကျွန်တော်လဲ မဆိုင်တဲ့ P'North ကိုဆွဲထည့်ပြီး နှိုးရတော့တယ် အဲ့ကျမှ ချက်ချင်းထလာပြီး

Vee - ''မနက်စောစောစီးစီး သူကဘာလို့ပါလာရတာတုံး စျေးဝယ်ထွက်ချင်တာမလား လိုက်ပို့မယ် ခဏစောင့်''

ခဏစောင့်ဆိုပြီး မျက်နှာသစ် အဝတ်စားလဲပြီးတာနဲ့ ကျွန်တော်ထိုင်နေတဲ့ ဧည့်ခန်းထဲကခုံနားရောက်လာပြီး ကျွန်တော့်ကိုချီပါလေရော

Mark - ''P ဘာလုပ်တာလဲ အခုချ......Umm''

ကျွန်တော့်မှာဘာမှဆက်မပြောနိုင်တော့ ပြောနေတုံး ကျွန်တော့်နှုတ်ခမ်းကိုလာနမ်းတာကို

Vee - ''တိတ််တိတ်လေးနဲ့ ငြိမ်ငြိမ်လေးလိုက် မဟုတ်ရင် မင်းကိုလူကြားထဲလဲဖက်နမ်းပစ်မှာ ''

P ဘယ်တုံးကအဲလောက် ရဲသွားတာပါလိမ့် ကွန်ဒိုတံခါးကိုလဲ P ပွေ့ချီထားတဲ့အတိုင်းပဲနေပြီး ပိတ်ခဲ့ရတယ် ကားဆီရောက်တဲ့ထိ ကျွန်တော့်ကိုပွေ့ချီသွားတယ် ခါးပတ်လဲ P ကိုယ်တိုင်ပတ်ပေးတယ် စျေးဝယ်မယ့် Center ရောက်တဲ့ထိစကားတစ်ခွန်းမှမပြော ကားပေါ်ကဆင်းတော့မယ်လုပ်တော့လဲ ခါးပတ်ကိုဖြုတ်ပေးတယ် ပါကင်မှာကားထားပြီး Center ထဲဝင်ခဲ့တယ်

Vee - ''ခဏနေအုံး''

စကားပြောပြီ ဒါမယ့်အသံကြီးကကြောက်စရာ လူကိုအပိုင်းပိုင်းခုတ်တော့မယ့်အတိုင်း ကျွန်တော်လဲဘာမှမပြောရဲပဲ ခေါင်းညိမ့်ပြပြီး Center အပေါက်ဝမှာစောင့်နေလိုက်တယ် စျေးလဲကြိုမဝယ်ရဲဘူး တော်ကြာ စောင့်ခိုင်းတဲ့နေရာမှာမစောင့်ပဲဘယ်ပတ်သွားနေတာလဲဆိုတဲ့အမှုတစ်မှုထပ်တိုးမှာစိုးလို့

Vee - ''ဝယ်စရာရှိတာဝယ်​တော့''

စျေးဝယ်တွန်းလှည်းကိုတွန်းလာပြီးပြောတော့ ကျွန်တော်လဲ လိုအပ်တာလေးတွေရွေးပြီး တွန်းလှည်းထဲထည့်ရတော့တယ် ရွေးလာတဲ့ပစ္စည်း တွေကိုကောင်တာမှာ ပိုက်ဆံရှင်းပြီး ပြန်ထွက်လာခဲ့တယ် ကားဆီရောက်တော့ အထုပ်တွေကို ကားနောက်ထဲထည့်ပြီး ကျွန်တော့်ကိုကားရှေ့ခန်းမှာထိုင်ခိုင်းရင်း ခါးပတ်,ပတ်ပေးတယ် ကျွန်တော်လဲမနေနိုင်တော့တာမို့

Crazy LoveWhere stories live. Discover now