Unicode ✨✨
-Mark Masa Pov-
ဒီနေ့ကနောက်ကျနေပြီမို့ P'North ရဲ့အိမ်ကိုလိုက်ဖို့သဘောတူလိုက်တယ်
ဒီကွန်ဒိုကနေ အမြန်ဆုံးထွက်ရမယ် ကျွန်တော် P'Vee ကိုမေ့နိုင်အောင်ကြိုးစားရမယ်လေ
ကျွန်တော်အထုပ်တွေပြင်လိုက်ပြီး ဘောင်လှပစွာခတ်ထားတဲ့ P'Vee နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကိုယူခဲ့တယ် ဒီဓာတ်ပုံလေးနဲ့ အလွမ်းဖြေဖို့တော့ယူသွားချင်တယ်
ကွန်ဒိုကိုသော့ခတ်ပြီး P'North နဲ့အတူထွက်ခဲ့လိုက်တယ်
နက်ဖြန် Khon Kaen ကိုသွားရင်း အိမ်ကိုဝင်ပေးလိုက်မယ်လို့ပဲတွေးရင်း ကွန်ဒိုသော့ကိုယူထားလိုက်တယ်🚗.....🚗.....🚗
🏠
North - ''Mark ဒါကိုယ့်အိမ်လေ အိမ်ထဲရောက်ရင် မကြောက်နဲ့နော် ကိုယ့်အဖေနဲ့ အမေကသဘောကောင်းပါတယ်''
Mark - ''ဟုတ်ကဲ့ပါ P''
ကျွန်တော့်တို့ကားလေးကို သန့်ရှင်းသပ်ရပ်ပြီး နွေးထွေးမှုတွေပြည့်နေတဲ့ အိမ်ဝိုင်းလေးထဲ ဝင်ခဲ့တယ်
အိမ်လေးကနှစ်ထပ်ရှိပြီး သပ်ရပ်စွာတည်ဆောက်ထားတယ်
ခြံဝိုင်းလေးထဲမှာ အပင်လေးတွေများများစားစားမရှိပဲ ရှင်းလင်းနေတယ်North - ''နက်ဖြန်သွားမှာဆိုတော့ အဝတ်စားနှစ်စုံပဲ ထုတ်ခဲ့လိုက်နော် အိတ်ကိုကားနောက်ထဲပဲထားထားလိုက် လို့ရတယ်''
Mark - ''ဟုတ်ကဲ့ ကျွန်တော်ယူလိုက်အုံးမယ်''
ကျွန်တော့်ခရီးဆောင် အိတ်ထဲကနေ အဝတ်စားနှစ်စုံထုတ်ပြီး ကျောပိုးအိတ်ထဲထည့်ကာ P'North နဲ့အတူအိမ်လေးထဲဝင်ခဲ့လိုက်တယ်
North - '' မင်္ဂလာပါပါး မင်္ဂလာပါမား''
P'North ကဧည့်ခန်းလေးထဲမှာ ထိုင်နေတဲ့ လူနှစ်ယောက်ကို နှုတ်ဆက်လိုက်တာကြောင့် ကျွန်တော်တို့ဘက်ကို လှည့်ကြည့်လာတယ်
Mark - ''မင်္ဂလာပါဦးနဲ့အန်တီ''
North's Par & Mar - ''မင်္ဂလာပါသားတို့''
ကျွန်တော်တို့နှုတ်ဆက်ပြီး ဧည့်ခန်းလေးကခုံလေးမှာထိုင်လိုက်တယ်
P'North အဖေ နဲ့ အမေက ကျွန်တော့်ကိုတွေ့တာအံ့သြပုံမရတာကြောင့် ကျွန်တော်နဲနဲတွေဝေမိတယ်
YOU ARE READING
Crazy Love
RomanceVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...