Unicode✨✨
Vee ကွန်ဒိုကိုပြန်မလာပဲ Ployဆီပဲသွားသွားနေတာ (3)လရှိနေပါပြီ
Vee ပြန်လာတိုင်း 1နာရီပြည့်အောင်မနေရ Ployကဖုန်းဆက်ပြီး အတင်းပြန်လာခိုင်းတော့တာပဲ
ကျောင်းမှာလဲ အတန်းချိန်တွေရှုပ်နေရတာနဲ့
ကန်တင်းမှာမုန့်တူတူစားမယ်လုပ်တိုင်းလဲ Ployလာလာခေါ်သွားတာနဲ့
စကားကောင်းကောင်းမပြောဖြစ်ကြVee အပေါ် Mark ရဲ့ခံစားချက်တွေက အကိုရင်းတယောက်ထက်ပိုနေတာကို
Vee, Ployနဲ့တူတူသွားနေကတည်းက ပြတ်ပြတ်သားသားသိလိုက်တာပါ
Veeအပေါ်ဖြစ်နေတဲ့ခံစားချက်ကို သူတကယ်ပဲနားမလည်
ညီအကိုအရင်းကောဟုတ်ပါ့မလားဆိုတဲ့ အတွေးက ခဏခဏဝင်လာပါတယ်
Ployကမြွေမြွေချင်းခြေမြင်သလိုပေါ့
Vee, Markဆီပြန်သွားတိုင်း ဖုန်းဆက်ခေါ်တော့တာပဲ
Markနဲ့ စကားကြာကြာပြောခွင့်မပေးVee
"Ployနဲ့ သွားနေခါကစက
မင်းငါ့ကိုတွေ့ရင် ပြုံးပြတာတို့ နေကောင်းလား အဆင်ပြေလားလို့ မေးသေးတယ်
အခုတော့ မင်းကိုလာရှာတိုင်းမတွေ့ဘူး
တွေ့ရင်လဲ ဘာမှမပြောပဲ ရှောင်ရှောင်ထွက်သွားတယ်
Ployနဲ့သွားနေမယ်ဆိုတာကို မင်းပဲခွင့်ပြုခဲ့တာမဟုတ်ဘူးလား''......
Praram - ''DNAစစ်ရင်ရော??''
Mark - ''အင်း......အဲ့အကြံမဆိုးဘူး ဒါမယ့် အဖေနဲ့အမေရဲ့ DNAကိုကျ ဘလိုယူရမလဲ''
Praram - ''နောက်တစ်ပတ်ကျ မင်းအဖေနဲ့အမေရဲ့ မဂ်လာနှစ်ပတ်လည်မလား''
Mark - ''အင်းဟုတ်တယ်လေ''
Praram - ''မင်းအဖေနဲ့ အမေရဲ့ DNAကော Vee DNAကောစစ်ဖို့ တခုခုရအောင်လုပ်ခဲ့''
Mark - ''ဘယ်ဟာတွေက DNAစစ်လို့ရမလဲ''
Praram - ''ဆံပင်, သွားတိုက်တံ, တံတွေး အဲ့တာတွေနဲ့လဲရတယ်''
Mark - ''ဟုတ်ပြီ''
Praram နဲ့ Mark က အလယ်တန်းကတည်းကသူငယ်ချင်းတွေဆိုတော့
ဘာကိစ္စတွေပဲရှိရှိ ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်ဆွေးနွေးကြပါတယ်
Veeအပေါ်ဘလိုခံစားချက်ဖြစ်နေတယ်ဆိုတာကိုလဲ Praram ကိုပြောပြထားတာကြောင့်
Praram ကညီအကိုရင်းဟုတ်မဟုတ် စစ်ဆေးခိုင်းနေတော့တယ်
YOU ARE READING
Crazy Love
RomanceVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...