Unicode✨✨
-Vee Vivis Pov-
ကျွန်တော် နဲ့ Mark တွဲနေတယ်ဆိုတာကို Praram ကလွဲပြီး ကျန်တဲ့သူတွေတစ်ယောက်မှ မသိဘူး
ကျွန်တော်ပြောဖို့အဆင်သင့်မဖြစ်သေးဘူးလေ Mark ကလဲမပြောချင်သေးတာမို့ ကျွန်တော်တို့နှစ်ယောက်လုံး Praram ကလွဲပြီး ဘသူ့မှမပြောဖြစ်ကြဘူး
ဒီနေ့ ကျွန်တော်တို့ အင်ဂျင်နီယာဌာနက စီနီယာတွေ ဘောလုံးပွဲမှာပထမဆုရလို့ ဘားမှာဂုဏ်ပြုကြမှာ ကျွန်တော်ကဘောလုံးအသင်းမှာ ပထမနှစ်တုံးကပါထားသေးတာတော့ မလာမဖြစ်လာခဲ့ဖို့ Mark ကိုပါခေါ်ခဲ့ဖို့ အတင်းပြောသွားတာ ကျွန်တော်သွားတဲ့နေရာတိုင်းကို Mark ကိုလိုက်ခဲ့စေချင်ပေမယ့် အခုကလူစုံတယ် ပြီးတော့ Mark ကိုလိုက်နေတဲ့ဟာတွေလဲပါတယ်လေ ကျွန်တော်စိတ်မချတာမို့မလိုက်စေချင်ဘူးလို့ပြောတော့ အရမ်းအလိုက်သိပြီးလိမ်မာတဲ့ကောင်ကလေးက P မလိုက်စေချင်ရင်မလိုက်တော့ဘူးတဲ့ ဘလောက်ချစ်ဖို့ကောင်းလိုက်လဲMark - ''P မသွားခင် ကျွန်တော့်ကိုအဝတ်စားတွေရှင်းကူပါလား''
Vee - ''P စိတ်မပါဘူး နောက်နေ့မှရှင်းကြရအောင်''
Mark - ''အခုရှင်းမှာ P စိတ်မပါရင်မရှင်းကူနဲ့တော့''
ကျွန်တော်တကယ်စိတ်မပါတာမို့ပါ သူကအတင်းရှင်းနေတာလေ ကျွန်တော်လဲပြောမရတာမို့ သူရှင်းတာကိုထိုင်ပဲကြည့်နေလိုက်တော့တယ်
တံခါးခေါက်သံကြားပေမယ့် ကျွန်တော်သွားမဖွင့်ပဲ Mark ကိုပဲကြည့်နေတာ Mark ကအဝတ်ဗီရိုရှေ့ကနေ ကျွန်တော့်ဘက်လှည့်လာပြီး သွားဖွင့်လေ ဒီမှာမအားဘူးဆိုတဲ့အကြည့်နဲ့ကြည့်ပြီး လက်ထဲကအဝတ်တွေကိုမြှောက်ပြတယ် ကျွန်တော်လဲမဖွင့်ချင်ဖွင့်ချင်နဲ့ သွားဖွင့်တော့Praram - ''Mark ဘားသွားဖို့ပြင်ဆင်ပြီးပြီလား ငါကတော့အကုန်ပြီးပြီ''
ကျွန်တော့်ကိုမနှုတ်ဆက်ပဲ Mark နမည်ခေါ်ပြီးပြောချင်ရာပြောပြီးအခန်းထဲဝင်သွားတယ် ဒီကောင်လေးကဘာလား သူ့စီနီယာကိုမနှုတ်ဆက်ပဲ ကျော်သွားတယ် ပြီးတော့အခုမှ 6 နာရီပဲရှိသေးတာလေ ဘားမှာတွေ့ဖို့ချိန်းထားတာက 8 နာရီမှ ကျွန်တော်လဲတံခါးပြန်ပိတ်ပြီး အခန်းထဲဝင်လာတော့ ကျွန်တော့်မိန်းမကိုဘာတွေပြောပြီးချွဲနေတာလဲမသိဘူး ကျွန်တော်စိတ်တိုသွားပြီ ကျွန်တော့်ကိုနှုတ်မဆက်ပဲကျော်သွားတာကထားပါ အခုကကျွန်တော့်မိန်းမလက်မောင်းကိုဖက်ပြီး ချွဲနေတာ
YOU ARE READING
Crazy Love
RomanceVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...