Unicode ✨✨
- Mark Masa pov -
ကျွန်တော်ဒီရောက်နေတာ တစ်ပတ်ကျော်ပြီ
အလုပ်ရှာပေမယ့် ကျွန်တော်ကခံနိုင်ရည်မရှိလောက်ဘူးဆိုပြီး လက်မခံကြဘူးလေ
မနေ့က P'North အဖွား ချည်ထိုးနေတာတွေ့လို့ P'Vee အတွက် လည်စည်းလေးထိုးပေးချင်တာမို့ သင်ဖို့ဆုံးဖြတ်လိုက်တယ်
ချည်ထိုးတာက စိတ်ငြိမ်စေတယ်
ကိုယ်ပေးချင်တဲ့ သူရဲ့မျက်နှာလေးကိုမြင်ယောင်ပြီး ထိုးရင်ပိုလှတယ်တဲ့
P'Vee ကိုကျွန်တော်ကိုယ်တိုင်မပေးနိုင်ရင်တောင် တခြားသူကနေတစ်ဆင့် ပေးလို့ရတာပဲလေ
အဖွားကလဲစိတ်ဝင်စားရင် သင်ပေးမယ်ဆိုလို့
အခု P'North နဲ့ လိုအပ်တာတွေသွားဝယ်နေတာ
အပြန်လမ်းမှာ ကုမဏ္ဏီတစ်ခုက လူလိုတဲ့ ကြော်ငြာတွေ့လို့Mark - ''P အဲ့ကုမဏ္ဏီကိုသိလား''
North - ''ဪ သိတယ်လေ Mark ဒီမှာရုံးခွဲလာဖွင့်တာမကြာသေးဘူး ၃ နှစ်လောက်ပဲရှိအုံးမယ် ပြင်သစ်မှာအခြေစိုက်တာလေ''
Mark - ''ဪ သူတို့ကုမဏ္ဏီက ဘာလုပ်တာလဲ P''
North - ''ကိုယ်လဲသေချာမသိဘူး ရေမွှေးထုတ်တာလို့တော့ပြောတယ်''
Mark - ''ဟုတ်''
North - ''N အဲ့မှာလျှောက်မို့လား''
Mark - ''ဟုတ် လျှောက်ကြည့်မို့လေ''
ကျွန်တော် P'North ကိုကားခဏရပ်ခိုင်းပြီး ကြော်ငြာကိုဓာတ်ပုံရိုက်လိုက်တယ်
လိုအပ်တဲ့အချက်အလက်အများစုက ကျွန်တော်နဲ့ကိုက်နေတာမို့ ပိုစိတ်ဝင်စားသွားတယ်
ကုမဏ္ဏီနမည်က Lilly CO.,LTD တဲ့
ဓာတ်ပုံရိုက်ပြီး ပြန်လာခဲ့လိုက်တယ်ညစာထမင်းဝိုင်းမှာ အဖွားကိုပြောပြလိုက်တော့ သိပ်မဝေးတာမို့ အဖွားကလဲသဘေတူတယ်
အိမ်နဲ့ဝေးနေရင် အသွားအပြန်စိတ်မချလို့တဲ့
P'North ကိုလဲအလုပ်လျှောက်ကြည့်ဖို့ ပြောပေမယ့် လက်မခံဘူးလေ
အလုပ်လုပ်ဖို့ငယ်သေးတယ်တဲ့ ဟုတ်ပါတယ်လေ P မှာကလိုအပ်တာတွေကိုအကုန်ပြည့်စုံနေပေးမယ့် အဖေနဲ့အမေရှိသလို အဖွားလဲရှိနေတာကို....
Mark - ''P သွားရအောင်လေ''
North - ''အင်းပြီးရင်သွားမယ်လေ , အဖွားကျွန်တော်တို့သွားတော့မယ်နော်''
YOU ARE READING
Crazy Love
RomanceVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...