Unicode✨✨
ကလေးပုံလေးရဲ့ နောက်ကစာကိုဖတ်လိုက်တော့
"Mark Masa
23 , June , 1994
Yinရဲ့ကင်ဆာက နောက်ဆုံးအဆင့်ရောက်နေပြီမို့ Yinရဲ့သားလေးကိုမွေးစားပေးပါနော် နောက်ဆုံးအနေနဲ့ ဒီတစ်ခုပဲဖြည့်ဆည်းပေးပါနော်
Yin''
(Warရဲ့ ငယ်ငယ်ကပုံလေးရှာမတွေ့လို့ ဒီပုံလေးကိုပဲ ငယ်ငယ်လေးလို့မှတ်ပြီး ကြည့်ပေးကြပါနော်😁)
(ပုံနောက်မှာ ရေးထားတာလေးကို မြင်အောင်လို့ သာသာကရေးပြီးssရိုက်ပေးထားတာပါ ထိုင်းစာအရမ်းမရသေးတော့ အမှားပါရင်ခွင့်လွှတ်ပေးကြပါနော်🙏🏻🙏🏻🙏🏻)
Mark ပါးပြင်ပေါ်ကို မျက်ရည်တွေ ဆက်တိုက်ကျလာပါတော့တယ်
"Yin ဆိုတဲ့အမျိုးသမီးက ငါ့အမေပေါ့
အမေက အဖေ့အကြောင်းမရေးထားတော့ အဖေကအသက်ရှင်နေတာလား
ငါ့အဖေကဘသူလဲ ဒီအကြောင်းတွေကို ဘာလို့ ပါးနဲ့မားကမပြောပြခဲ့ကြတာလဲ
ငါကမွေးစားသားမို့ မားကငါ့ကိုမချစ်ခဲ့တာလား''
Mark ရဲ့ ခေါင်းထဲမှာ အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံနဲ့ ရှုပ်ထွေးနေပါတော့တယ်Vee နိုးလာတော့ Mark ကိုမတွေ့တာကြောင့် လိုက်ရှာပေမယ့် မတွေ့
ဖုန်းဆက်တော့လဲမကိုင်
ကားလဲမရှိတာမို့ အပြင်သွားတာနေမှာပါဆိုပြီး ဆက်မရှာပဲ လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်
ညရောက်သည်ထိ Mark ပြန်မလာတာကြောင့် Vee တယောက်စိတ်ပူပြီး ဂနာမငြိမ်ဖြစ်နေပါတော့တယ်
ခဏအကြာကားသံကြားတာကြောင့်
Mark ထင်ပြီး သွားကြည့်တော့ အဖေဖြစ်နေတယ်
YOU ARE READING
Crazy Love
RomanceVee Vivis နဲ့ Mark Masa ရဲ့သံယောဇဥ်က ညီအကိုဆိုတာထက် ပိုနေတဲ့အခါ သူတို့ရဲ့ အချစ်ဇာတ်လမ်းကဖြောင့်ဖြူးပါ့မလား............................. En of Loveထဲက Veeနဲ့Markလေးကို အရမ်းသဘောကျလို့ ရေးဖြစ်တဲ့Ficလေးပါ ပထမဆုံးစရေးတဲ့Ficလေးမို့ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရ...