ချစ်၍နေပါသော်လဲ
🖤❤️
အပိုင်း(၁)👨❤️💋👨👨❤️💋👨"အပြည်ပြည်ဆိုင်ရာလေဆိပ်"
"ဂျပန်မှလာတဲ့လေယာဉ်ဆိုက်ကပ်ပြီးနောက်"
တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ထားတဲ့ လူနှစ်
ယောက်န့ဲ...အနီရောင်သိုးမွှေးလည်ထောင်ဝတ်ထားပြီး...အနက်ရောင်လောင်းကုဒ်ရှည်ကိုထပ်
ဝတ်ထားတဲ့...ခန့်ညားထည်ဝါနေတဲ့...လူတစ်
ယောက် လူအများကြားကနေ ရှင်းလင်းကျော့
မော့စွာဖြစ်လျှောက်သွားသည်။ဘယ်လိုတန်ခိုးတွေကြောင့်ဆိုတာ...မသိပေမ့ဲ..
သူ့ကိုမြင်တဲ့သူတိုင်းက ခြေလှမ်းတွေအလိုလို
ရပ်တန့်ပြီးသားဖြစ်သွားရသည်။"ဘယ်သူလဲမသိဘူးနော်"
"ဘယ်သူမှန်း..မသိပေမဲ့...ကြည့်ရုံနဲ့တော်တော်ကြီး
ကျယ်မယ့်ရုပ်..."တီးတိုးစကားသံတွေကြောင့်...သူ့နူတ်ခမ်းအစုံ
တွန့်ပြုံးသွားရသည်။သူ့နာမည်က..."မင်းဓနရှင်"...၁၅နှစ်သားကတည်းကထွက်သွားပြီး...ဒီနေ့မှ...မြန်မာနိုင်ငံကိုခြေချ
သည်။"ဓန...အသင့်ဖွင့်ပေးထားတဲ့...နောက်ဆုံးပေါ်
အနက်ရောင်ကားကြီးပေါ်ကိုတက်ထိုင်လိုက်သည်
ဓန ကားပေါ်ထိုင်ပြီးတာနဲ့...ကားလေးကငြိမ့်
ညောင်းစွာ..စတင်ထွက်ခွာသည်။"တော်ဝင်နန်းမြိုင်...စံအိမ်ကဘယ်လိုဖြစ်သွားပြီလဲ..."
ဓန ရဲ့ကြည်လင်ပြတ်သားသောအသံကြောင့်..
ကားမောင်းနေရင်းမှ..."ဝသုန်" တုံကနဲ တစ်ချက်
ဖြစ်သွားရသည်။လူကိုတစ်ခါမှ..မတွေ့ဘူးပေမဲ့
ဓန ဆီမှာအလုက်လုပ်တာ...တစ်နှစ်ခွဲကြာပြီဖြစ်
သည်။"ဒီနေ့ပဲ...Boss လက်ထဲရောက်ပါပြီ"
"ကောင်းပြီ..တော်ဝင်နန်းမြိုင် ကိုမောင်း.."
"ဗျာ...အိမ်သားတွေကအခုထိမဆင်းရသေးဘူး"
ဓန ကျေနပ်စွာပြုံးလိုက်သည်။
"ဝသုန် ဘာမှမပြောတော့ပဲ...ဓနကို တစ်ချက်
ကြည့်ပြီး..ဘာမှလဲထပ်မပြောရဲ..""ဒါဆို တော်ဝင်နန်းမြိုင် အိမ်ကိုသွားပါ့မယ်"
ပြောသလိုလိုနဲ့..ဝသုန်ကားကို တော်ဝင်နန်းမြိုင်
ဆီဦးတည်လိုက်သည်။