💚ချစ်၍နေပါသော်လဲ🤍
အပိုင်း(၁၅)😘😘💚🤍
"သခင်လေး ဘယ်သွားမလို့ပါလဲ.."
တော်ဝင်အပြင်ထွက်ဖို့ တာစူလိုက်တာနဲ့ အနားမှာပအမြဲရှိနေတဲ့ သွန်းသွန်းကလှမ်းမေးသည်။
"အဖွားကို သွားတွေ့မလို့"
"ဟို သူဌေးက မသွားရဘူးလို့ပြောပါတယ်"
"ငါအဖွားဆီ မသွားရတာ ဘယ်လောက်တောင်
ကြာနေပြီလဲ ငါဘယ်ရောက်နေလဲဆိုပြီး စိုးရိမ်နေ
မယ် ဒါကြောင့်မို့ သွားရမယ် ငါ့အဖွား နေရော
ကောင်းရဲ့လားမသိဘူး...""ဟို သူဌေးကလေ သခင်လေးက ကျန်းမာရေး
မကောင်းတာကြောင့် ဘယ်မှသွားခွင့်မပေးရဘူး
တဲ့..""သခင်လေး သွားချင်တယ်ဆိုရင် သူဌေးကိုပြောပြီး
မှသွားတာ ကောင်းလိမ့်မယ်ထင်တယ် မဟုတ်ရင်
သွန်းသွန်းတို့ အလုပ်ပြုတ်ရပါလိမ့်မယ်...""မသွားရဘူး"
အသံနဲ့အတူ ဓန တော်ဝင်တို့ဆီလျှောက်လာသည်
ဓနပုံစံက အရင်ကလိုသန့်သန့်ပြန့်ပြန့်မဟုတ်ပဲ
ပါးသိုင်းမွှေးနူတ်ခမ်းမွှေးတွေတောင်ရှိနေသည်။နေ့ခင်းဘက် မမြင်ရတဲ့ဒီကာလအတွင်းမှာ ဓနပုံစံ
က ဂိုဏ်းစတားတစ်ယောက်လိုပြောင်းလဲသွားခဲ့
သည်။"သွားမှာ"
ဓန ဆိုဖာနောက်မှီမှာ တင်ပါးလွှဲထိုင်လိုက်ပြီး
စီးကရက်ကို မီးညှိလိုက်သည်။ တော်ဝင်သဘောမကျစွာ မျက်နှာလွှဲလိုက်ပေမဲ့ သွန်းသွန်းကရှေ့တိုး
လာသည်။သူဌေး နှလုံးရောဂါရှိတဲ့သူက ဆေးလိပ်နံမခံရပါဘူး..
"ဟုတ်လား..ဆောရီး.."
ဓန ချက်ချင်းပင် ဆေးလိပ်မီးကို လက်နဲ့ဖျစ်ညှစ်
မသတ်လိုက်ပြီး အမှိုက်ပုံးထဲလွှင့်ပစ်လိုက်သည်။"သွားစရာမလိုဘူး မင်းဒီမှာရှိတယ်လို့ ငါပြောပြီး
သွားပြီ..""ပြောပြောမပြောပြော ကိုယ့်အဖွားအိမ်သွားတာ
ပဲ ဘယ်သူ့ကိုပြောနေရဦးမှာလဲ..""မင်းယူထားတဲ့ငါ့ကို ပြောရမှာ ငါ့ခွင့်ပြု့ချက်မရပဲ
ဘယ်မှမသွားရဘူး..."