💚ချစ်၍နေပါသော်လဲ🤍
အပိုင်း(၁၁)
ဇော်ဂျီ&ယူနီ
"ဒါ ဘယ်လဲ"
လက်ကိုင်အိတ်ကိုင်ပြီး...ထွကမလာတဲ ဆုယောင်း
ကို ဂျိန်း...လက်ဆန့်ကာတားရင်း မေးလိုက်သည်။"ချန်ဆီသွားမယ်"
"မသွားရဘူး"
"ဘာလို့မရမှာလဲ သွားမှာပဲ ဖယ်"
ဆုယောင်း...ဂျိန်းကိုဆောင့်တွန်းလိုက်ပြီး ပြေး
ထွက်လာခဲ့သည်။"ဟေ့ ဆုယောင်း ရပ်စမ်း"
သို့သော် ဆုယောင်းကမရပ်ပဲ အဆင်သင့်ရပ်နေတဲ့အငှားကားပေါ် ဝင်ထိုင်လိုက်သည်။
"မြန်မြန်မောင်း...ဦးလေးကြီး"
ဂျိန်း ဆုယောင်း နောက်ကပြေးလိုက်လာပေမဲ့..
ကားကိုမမှီလိုက်ပေ...ဂျိန်း ဖုန်းထုတ်ယူကာ ဓနဆီ
ဖုန်းခေါ်လိုက်သည်။"တူ..တူ"
"ဝင်သာဝင်ပြီး မကိုင်တဲ့ဖုန်းကြောင့်"
"တောက်ကွာ...ဒီအကုသိုလ်မနဲ့တော့.."
💚🤍💚🤍💚🤍💚🤍💚🤍💚🤍💚
"ဘယ်လိုလဲ...ဘာစားချင်သေးလဲ..."
"တော်ဝင် ဗိုက်ကိုပွတ်လိုက်ပြီး,.."
"အဟဲ ရပြီ ဗိုက်ကအတော်ကိုတင်းသွားပြီ ကျေးဇူး
ပါဗျာ...""ကျေးဇူးတင်စရာမလိုပါဘူး....မင်းကကိုယ့်ကောင်
လေးပဲ..."တော်ဝင် ဓနလက်မောင်းကို ဖက်တွယ်လိုက်ပြီး
ပျော်ရွှင်စွာရယ်မောလိုက်သည်။"ဘဝမှာ ဒီလိုပျော်စရာနေ့ရက်တွေလဲ ရှိသေးတာပဲ..."
တော်ဝင် ဓနအဆင်သင့်ဖွင့်ပေးထားတဲ့ ကားထဲကိုဝင်ထိုင်လိုက်သည်။
ဓန တော်ဝင်ဘေးနားမှာ ဝင်ထိုင်လိုက်ရင်း.....
"ဘယ်ကိုသွားချင်သေးလဲ.."
"ဟင့်အင် အိမ်ပဲပြန်ချင်တယ်"
ဓန ခေါင်းငြိမ့်လိုက်သည်နှင့် ဝသုန်က ကားကိုစတင်ထွက်ခွာသည်။
"ခြံရှေ့ အရောက်တွင်.."
ခြံတံခါးရှေ့ ရပ်နေတဲ့ ဆုယောင်းကြောင့် ဓန
မျက်နှာစာ ရောင်တစ်မျိုးပြောင်းသွားရသည်။
ကားရပ်တာနဲ့ ဆုယောင်းက ကားဆီလျှောက်လာ
ပြီး....