💚ချစ်၍နေပါသော်လဲ🤍
အပိုင်း(၁၄)😘😘💚🤍
"တော်ဝင် ကိုယ်ပြောတာနားထောင်ပါဦး"
"ဟင့်အင် နားမထောင်ဘူး လွှတ်"
တော်ဝင်က သူ့ကိုအထိမခံပဲ ဓန လက်တွေကို
ဖယ်ချလိုက်သည်။ ဓန တော်ဝင်ပခုံးကို ဆုပ်ကိုင်
ကာခါယမ်းလိုက်ပြီး..."မင်းသိသွားပြီဆိုရင်..မဟုတ်တဲ့အကြောင်းကိုယ်
ရှင်းပြရတော့မယ်..""ဘာမဟုတ်တာလဲ..ဟုတ်လို့ မင်းငါသိသွားမှာကို
ကြောက်နေတာမို့လား..""မကြောက်ဘူး"
"မကြောက်ရင်...ဘာလို့မင်္ဂလာပွဲကနေထွက်ပြေး
တာလဲ...ဒါလဲ မင်းကိုကျေးဇူးတင်သင့်ပါတယ်
လေ..မဟုတ်ရင်..တောင်ဘို့မှန်းမသိပဲ ရှစ်ခိုးနေမိ
ဦးမယ်..""တော်ဝင်"
"ဓန အော်လိုက်တော့ တော်ဝင် ကလည်းအားကျ
မခံပေ..""ဘာလဲ...ပြော"
"ထွက်ပြေးတာမဟုတ်ဘူး..မင်းအဖွားငါ့ကိုဖုန်း
ဆက်ခေါ်တာ..""ဘာ"
"ဟုတ်တယ်"
"ဒါဆိုရင်လဲ...ခေါ်ရမဲ့အကြောင်းရှိလို့ပေါ့ ဖယ်"
"မဖယ်နိုင်ဘူး...မင်းအရမ်းတလွဲတွေတွေးလိုက်
တယ်..""မဖယ်ရင် လက်သီးနဲ့ထိုးမှ မထိုးရဲဘူးမထင်နဲ့"
ထိုး မင်းကျေနပ်မယ်ဆိုထိုးလိုက်စမ်းပါ..အဲ့ဒီနေ့
က..ကိုယ်ဘယ်လေညက်ပျော်နေတယ်ဆိုတာ
မင်းသိရဲ့သားနဲ့.."မသိဘူး...သိတာက ငါ့ကိုအရှက်ကွဲအောင် တမင်
လုပ်တာပဲသိတယ်...ဘာအကြောင်းပဲရှိရှိ မင်္ဂလာ
ပွဲမှာတစ်ယောက်ထဲပစ်ထားခဲ့တာနဲ့တင် မင်းနဲ့ငါ
ပြီးနေပြီ...""မပြီးဘူး..အဲ့ဒီနေ့က ကိုယ်ပြန်ပေးဆွဲခံရတယ်"
"ဘယ်လို"
တော်ဝင် ကျောခိုင်းထားရာကနေ ပြန်လှည့်လိုက်
တော့ခေါင်းတစ်ခုလုံးချာချာလည်သွားရသည်။"အား.."
ဓန တော်ဝင်ကိုယ်လေးကို လှမ်းဖမ်းထားလိုက်ပြီး