ချစ်၍နေပါသော်လဲ💚🤍
အပိုင်း(၄)👨❤️💋👨👨❤️💋👨👨❤️💋👨
"ရှပ်..ရှပ်"
တစ်ရှပ်ရှပ်နဲ့...ခြံတံခါးပွင့်သွားတာနဲ့...ဂျိန်းက
ဓန ရှေ့ရောက်လာသည်။"အကိုကြီး"
"ပြော"
"ဟို ယောက်ဖလေးနဲ့ ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ဖူး"
"ဒါဆို..ဘာလို့မျက်နှာနီနေတာလဲ...ဟို ယောက်ဖ
ဝင်သွားတာကြာပြီလေ...ဘာလို့အခုမှဝင်လာတာ
လဲ...""ငါသိမလား"
ဓန ဘုတောပြီး...ကားထဲဝင်ထိုင်လိုက်သည်။ဂျိန်းက ဒရိုင်ဘာနားဝင်ထိုင်လိုက်ရင်း...
"ကျွန်တော် မြင်လိုက်တယ်နော်...အကိုကြီးက
ဆင်းလာပြီပြောပြီး...ဆယ်မိနစ်လောက်ကြာကြာ"ဂျိန်းစကားမဆုံးခင် ဓနဆီကငေါက်သံထွက်လာသည်။
"ဂျိန်း...မင်းအတော်အားနေလား....မအားအောင်
ငါလုပ်ပေးရမလား""No.ပိတ်ပြီ"
ဂျိန်း ပြုံးစိစိနဲ့ပါးစပ်ပိတ်သွားတော့ ဓန မျက်နှာ
တည်လိုက်သည်။""ယောက်ဖလေးလို့ သွားခေါ်မနေနဲ့"
"အကျင့်ဖြစ်နေပြီ"
"ဂျိန်း"
"ဟုတ်ကဲ့...မခေါ်တော့ဘူး"
"အန်တီ ဒေလီကဘယ်တော့လာမှာလဲ"
"မနက်ဖြန်"
"အမြန်လာမှပဲ...အိမ်ကရှုပ်ပွနေပြီ"
"အိမ်မှာ ခိုင်းစားမဲ့လူရှိတာပဲ...ခိုင်းစားပေါ့"
"သူလား ဘာမှမလုပ်တက်ဖူး"
"သြော် ဟိ"
ဂျိန်းအော်က..သံရှည်ဖြစ်လျှက် အဆုံးတွင်ပါးစပ်
ပိတ်ရယ်သည်။"ကားပေါ်ကကန်ချခံချင်နေတာလား"
"No"
ဒီတစ်ခါတော့....ဂျိန်းပါးစပ်ပိတ်သွားသည်။မပိတ်
ရင် တစ်ကယ်ကြီးကန်ချခံရတော့မှာ ဖြစ်သော
ကြောင့် ဖြစ်သည်။🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍
"ဝေါ...ဝေါ..ဂျိမ်း"